ဖေ့စ်ဘွတ်ခ် အစုရှယ်ယာတွေ စရောင်းပြီ

ဓာတ်ပုံ မူပိုင် Getty
Image caption အစုရှယ်ယာ ဒေါ်လာ ၁၈ ဘီလျံ အထိ ကနဦး အနေနဲ့ ရောင်းချမှာ ဖြစ်ပါတယ်

ကမ္ဘာ ပေါ်မှာ လူသုံးများတဲ့ လူမှု ကွန်ယက် ဝက်ဘ်ဆိုဒ်တခု ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်လုပ်ငန်း ရဲ့ အစုရှယ်ယာတွေကို သောကြာနေ့မှာ စတင်ရောင်းချ နေပြီ ဖြစ်ပါတယ်။

တန်ဖိုး ဒေါ်လာ ၁၀၀ ဘီလျံကျော် ရှိတဲ့ ဖေ့စ်ဘွတ်ခ်ဟာ သူ့ရဲ့ ရှယ်ယာနဲ့ အစုစပ် လုပ်ငန်းတွေ အတွက် အစုရှယ်ယာ ၁၈ ဘီလျံ ဒေါ်လာ အထိ ကနဦး အနေနဲ့ ရောင်းချမှာ ဖြစ်ပြီး ဒါဟာ အကြီးမား ဆုံးသော အစုရှယ်ယာ ရောင်းချမှု တခု ဖြစ်ပါလိမ့်မယ်။

ကယ်လီဖိုနီးယား ပြည်နယ်မှာ ရှိတဲ့ ဖေ့စ်ဘွတ်ခ် ဌာနချုပ်ရုံးမှာ ဖေ့စ်ဖွတ်ခ် တည်ထောင်သူ Mark Zuckerberg ဟာ Nasdaq စျေးကွက် အတွက် ဖေ့စ်ဘွတ်ခ်ရှယ်ယာကို စတင် ဖွင့်ပေးလိုက်ပါတယ်။

အဲဒီအချိန်မှာ သူ့ကို အားပေး ထောက်ခံသူတွေဟာ သူ့ဘေးမှာ ဝိုင်းပြီး ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က စတင် တည်ထောင်ခဲ့ချိန်က စလို့ ဖေ့စ်ဘွတ်ခ်ဟာ ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးသော နည်းပညာ ကုမ္ပဏီတခု ဖြစ်လာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ကို ပုံမှန် အသုံးပြုသူ user ပေါင်း သန်း ၉၀၀ ရှိပါတယ်။