နောက်ဆုံး ရေးသားချိန် 18 မေလ 2012 - 17:33 GMT

တမိနစ် ဗီဒီယို သတင်းလွှာ

မီဒီယာ ပလေးယား

ဥရောပနဲ့ အာရှ စတော့ရှယ်ယာ စျေးကွက်တွေမှာ စျေးနှုန်းတွေ စံချိန်တင် ကျဆင်းကုန်ပါတယ်။ ပြီးခဲ့တဲ့ တပတ် ယူရိုငွေကြေးရဲ့ မရေရာ မသေချာမှုတွေကြောင့် အခုလို စတော့ရှယ်ယာစျေးကွက် စျေးလန့်ကုန်တာဖြစ်ပါတယ်။ စပိန်ဘဏ် ၁၆ ခု ရဲ့ အကြွေးဆပ်နိုင်အား အရည်အချင်းကို လျော့ချသတ်မှတ်ကြောင်း ကြေညာပြီးနောက်မှာ အခုလို စျေးကျကုန်တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် စီးပွားရေး လုပ်ငန်းတွေ လူနေအိမ်တွေ ၁၅ ရာနှုန်း အထိ ဓါတ်အား ချွေတာ သုံးစွဲ ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။ လွန်ခဲ့တဲ့ နှစ် ငလျင်နဲ့ ဆူနာမီ အပြီးမှာ ဂျပန် နျူးကလီးယား ဓါတ်ပေါင်းဖို အလုံး ၅၀ ပိတ်ထားခဲ့ရတဲ့ အတွက် အခုလို ဓါတ်အား မလုံမလောက်ဖြစ်နေတာလည်း ဖြစ်ပါတယ်။

အိုလံပစ် မီးရှူးတိုင် ကို ဗြိတိန်နိုင်ငံဆီ သယ်ဆောင်လာတဲ့ လေယာဉ်ဟာ သောကြာညမှာ ဗြိတိန် အနောက်တောင်ပိုင်းကို ရောက်လာမှာ ဖြစ်ပါတယ်။ ဗြိတိန် အနောက်တောင်ပိုင်း ကွန်းဝေါလ် ကနေစတင်ပြီး ဇူလိုင်လ အိုလံပစ် ဖွင့်ပွဲ မတိုင်မီ အထိ ဆယ်ပတ်ကြာ ကာလအတွင်း မီးရှူးတိုင်ကို ဗြိတိန်နိုင်ငံတဝန်းမှာ လှည့်လည် ပြသမှာ ဖြစ်ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။