ဘီးဂျီးစ် အဖွဲ့က ရော်ဘင်ဂစ်ဘ် ကွယ်လွန်

robin_gibb
ဓာတ်ပုံ ပုံစာ,

ကွယ်လွန်သွားရှာတဲ့ ရော်ဘင်ဂစ်ဘ်

လွန်ခဲ့တဲ့ ၁၉၆၀ ပြည့်နှစ် တွေက အလွန် အောင်မြင်ခဲ့တဲ့ ညီအစ်ကို ၃ ယောက်ရဲ့ ဘီးဂျီးစ် တေးဂီတ အဖွဲ့က တဉီးဖြစ်တဲ့ ရောဘင် ဂစ်ဘ် ဟာ ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ထူးခြားတဲ့ အသံတွေကြောင့် သူတို့ အဖွဲ့ဟာ ဆယ်စုနှစ်ပေါင်း များစွာ အောင်မြင် ကျော်ကြား ခဲ့ပါတယ်။

သူတို့ ရဲ့ သီချင်းတွေထဲက Saturday Night Fever ရုပ်ရှင်သီချင်း နဲ့ Staying Alive သီချင်းတွေ ဟာ နာမည် ကြီးပါတယ်။

ရော်ဘင် ဂစ်ဟာ ကင်ဆာ ရောဂါကို နှစ်အတော်ကြာ ခံစား ခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လက အဆုတ်ရောင် ရောဂါကြောင့် ၁၂ ရက်လောက် သတိမေ့မြော သွားခဲ့ ပါသေးတယ်။

ကွန်လွန်ချိန်မှာ သူဟာ အသက် ၆၂ နှစ် ရှိပြီ ဖြစ်ပါတယ်။