ပါကစ္စတန်က အက်ဆက် ပက်ခံရသူတွေ ဒုက္ခ

acid ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီကား ပြည်တွင်းမှာ ပြရင် ရန်စတွေ ထပ်ပွားမှာ စိုး

အက်ဆစ် အပက်ခံ ရတဲ့ အမျိုးသမီး တွေ အကြောင်း ရိုက်ကူးတဲ့ အော်စကာ ဆုရ မော်ကွန်းကားမှာ ပါဝင်ခဲ့တဲ့ ပါကစ္စတန်သူ တစုက အဲဒိကား ပါကစ္စတန် မှာ ပြသခွင့် ပိတ်ပေးဖို့ ကြိုးပမ်း နေကြပါတယ်။

ဒီကား ပြည်တွင်းမှာ ပြရင် ရန်စတွေ ထပ်ပွားမှာ စိုးတဲ့ အတွက် အမျိုးသမီး တချို့က မျက်နှာ အဖတ်ဆယ်ခြင်း ရုပ်ရှင်ကား ထုတ်လုပ်သူကို ရှေ့နေ ရှေ့ရပ်နဲ့ နို့တစ် ပေးထားကြောင်း သိရပါတယ်။

ဒီကားကို တကမ္ဘာလုံး ကြိုက်တဲ့ နေရာ ပြခွင့် ပြုကြောင်း ဒီ အမျိုးသမီးတွေ လက်မှတ်ထိုး ထားတယ်လို့ ဒါရိုက်တာ ရှာမန် အိုဘိတ် ချီနွိုင်က ဆိုပါတယ်။

ပါကစ္စတန်မှာ အက်ဆစ် ပက်ခံရမှု တွေ ဖြစ်လေ့ရှိပြီး ယောက်ျား လုပ်သူ ကိုယ်နှိုက်က အမျိုးသမီး တွေကို တိုက်ခိုက်တာ လည်း ရှိတတ်ပါတယ်။