ပါကစ္စတန် အမေရိကန် အကူအညီဖြတ်ခံရ

islamabad ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်လာဒင် မိအောင် ကူလို့ ထောင်ချသလား

ဘင်လာဒင် ဖမ်းမိအောင် ကူခဲ့တဲ့ ပါကစ္စတန် ဆရာဝန်ကို ထောင်ချ တဲ့အတွက် အမေရိကန် ဆီးနိတ် လွှတ်တော် ကော်မတီ တခုက ပါကစ္စတန်ကို ဒေါ်လာ ၃၃ သန်း တနှစ်စာ အကူအညီ ဖြတ်တောက် ခဲ့ပါတယ်။

ဒေါက်တာ ရှာခေးလ် အာဖရီဒေ ကို သစ္စာဖောက်မှု နဲ့ ထောင်ဒဏ် ၃၃ နှစ် ချ ခဲ့ပါတယ်။

ဒီလို ထောင်ချမှုကို အခြေအမြစ် မရှိ မမျှတမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

ဒီ ဆရာဝန်ဟာ ပါကစ္စတန်ကို သစ္စာဖောက်တာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စ အတွက် ပါကစ္စတန်နဲ့ ဆက်ပီး အရေးဆို ရမယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။