အမျိုးသားပဋိသန္ဓေတားဆေး ဖော်ထုတ်လာနိုင်ဖွယ်

Sperm

အမျိုးသားတွေအတွက် ပဋိသန္ဓေ တားဆေးသစ် ဖော်ထုတ်ရေးမှာ အထောက်အကူ ဖြစ်စေမယ့် မျိုးဗီဇတစ်မျိုးကို ရှာဖွေ တွေ့ရှိထားပြီလို့ သိပ္ပံပညာရှင်တွေက ပြော ပါတယ်။

ကြွက်တွေမှာ စမ်းသပ်ပြီး တွေ့ရှိရတဲ့ Katnal1 လို့ခေါ်တဲ့ မျိုးဗီဇ တမျိုးဟာ သုတ်ပိုးဖြစ်ပွားမှု နောက်ဆုံး အဆင့်မှာ အလွန်အရေးကြီးတဲ့ မျိုးဗီဇ ဖြစ်တယ်လို့ စကော့တလန် အက်ဒင်ဘရာ တက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။

တကယ်လို့ Katnal1 မျိုးဗီဇကို တားဆီးနိုင်မယ့် ဆေးထုတ်လို့ရရင် ဒါဟာ အမျိုးသား တွေအတွက် ပဋိသန္ဓေတားဆေး ထုတ်ဖော်နိုင်မယ်လို့ ဆိုပါတယ်။

Katnal1 ဟာ ကနဦပိုင်း ဖြစ်ပေါ်တဲ့ သုတ်ပိုးကိုတော့ တားဆီးမှာ မဟုတ်တဲ့အတွက် ပုံမှန် သုတ်ထုတ်လုပ်မှုကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း သုတေသီတွေက ပြောပါတယ်။