သဘာဝထဲက အလှ၊ အလှထဲက သဘာဝ

၂၀၁၆ ခုနှစ်အတွက် National Geographic သဘာဝဓာတ်ပုံဆရာ ပြိုင်ပွဲအတွက် တင်သွင်းလာတဲ့ လက်ရာတွေကတော့ ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ပြောင်မြောက်လှပါတယ်။ ဒီလက်ရာတွေထဲမှာ ပိုလာဝက်ဝံကြီးတစ်ကောင်ရဲ့ နိဂုံး နဲ့ အိန္ဒိယမြွေတစ်ကောင် သစ်ပင်မှာ ရစ်ခွေနေတဲ့ ပုံမျိုးတွေကလည်း ထူးခြားလက်ရာတွေဖြစ်ပါတယ်။

ပထမဆုရှင်အဖြစ် အကဲဖြတ်တွေ သဘောတူရွေးချယ်ခဲ့တဲ့ လက်ရာကတော့ ပြင်သစ် ဓာတ်ပုံဆရာ Greg Lecoeur ရဲ့ ဓာတ်ပုံပါ။ ဆာဒင်းငါးတွေ အုပ်လိုက်ကြီးကို ငှက်တွေရော၊ တခြားငါးကြီးတွေကပါ ဝိုင်းအုံထိုးသုတ် စားသောက်နေတဲ့ ပုံဖြစ်ပါတယ်။ အဲဒီနောက်မှာလည်း တခြား ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေကို သူတို့ကိုယ်တိုင် ပြောပြချက်တွေနဲ့အတူ ကြည့်ရှု ခံစားနိုင်ပါတယ်။

Grey line 2 pixels

Greg Lecoeur

Two shoals of sardines are preyed on by dolphins and birds

ဓာတ်ပုံ ရင်းမြစ်, Greg Lecoeur/ National Geographic

တောင်အာဖရိက အနောက်ဖက် ကမ်းရိုးတန်းမှာ သန်းပေါင်းများစွာသော ဆာဒင်းငါးတွေအုပ်လိုက် နေရာပြောင်းရွှေ့ဖို့ ကူးခတ်လာချိန်မှာ သူတို့ကို ဒေါ်လဖင်တွေ၊ ငှက်တွေ၊ ငါးမန်းတွေ၊ ဝေလငါးတွေ၊ ပင်လယ်ဖျံတွေ၊ ပင်ဂွင်းတွေက ဝိုင်းပြီး ထိုးသုတ်စားသောက်နေကြတဲ့ မြင်ကွင်းကို ရိုက်ယူထားတာဖြစ်ပါတယ်။ ဓာတ်ပုံဆရာက အခုပုံကို ရဖို့ နှစ်ပတ်ကျော်ကြာအောင် စောင့်ဆိုင်း ရိုက်ကူး ခဲ့ရတယ် လို့ဆိုပါတယ်။

Grey line 2 pixels

Varun Aditya

A snake curls around a branch

ဓာတ်ပုံ ရင်းမြစ်, Varun Aditya/ National Geographic

ဒီပုံကိုတော့ အိန္ဒိယနိုင်ငံ မဟာရက်ရှထရာပြည်နယ်မှာ ဇူလိုင်လ ၂၆ ရက်ရက်နေ့က ဓာတ်ပုံဆရာ Varun Aditya က မုတ်သုန်တောတစ်ခုထဲမှာ ရိုက်ယူခဲ့တာပါ။ မိုးဖွဲဖွဲလေး ဆက်တိုက် ရွာနေတဲ့အတွက် တောအုပ်ဟာ စိမ်းလန်းနေတဲ့ နောက်ခံမှာ အခု မြွေလေး သစ်ကိုင်းမှာ တွယ်တက် ရစ်ခွေနေတာကို ရိုက်ယူခဲ့တာလို့ ဆိုပါတယ်။

Grey line 2 pixels

Vadim Balakin

The remains of a polar bear lie next to the shore of a lake

ဓာတ်ပုံ ရင်းမြစ်, Vadim Balakin/ National Geographic

ဒီပိုလာ ဝင်ရိုးစွန်းဝက်ဝံရဲ့ ရုပ်ကြွင်းကိုတော့ နော်ဝေးနိုင်ငံရဲ့ မြောက်ပိုင်းက ရှဗဲလ်ဘတ်ကျွန်းမှာ တွေ့ခဲ့ရတာပါ။ ဓာတ်ပုံဆရာ Vadim Balakin ကတော့ ဒီ ဝက်ဝံဟာ အစာငတ်လို့ သေဆုံးတာလား၊ အသက်ကြီးရင့်ပြီး သေဆုံးခဲ့တာလား ဆိုတာ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

Grey line 2 pixels

Jacob Kaptein

The branch of a beech tree against a watery backdrop

ဓာတ်ပုံ ရင်းမြစ်, Jacob Kaptein/ National Geographic

ဒီ ပုံကတော့ ဓာတ်ပုံဆရာ Jacob Kaptein က နယ်သာလန် နိုင်ငံမှာ လူငယ်ဓာတ်ပုံဆရာအစီအစဉ်နဲ့ ရောက်ရှိနေတုန်း တောအုပ်ကလေးတစ်ခုထဲမှာ ရိုက်ခဲ့တာပါ။ သဘာဝ သစ်ပင်တွေပုံကို နေ့စဉ် သွားပြီး ရိုက်ကူးနေချိန်မှာ တစ်နေ့ ညနေမှာ စမ်းခေျာင်းလေးထဲ တွေ့ရတဲ့ သစ်ပင်လေးကို ရိုက်ယူခဲ့ပါတယ်။ အေးစက်နေတဲ့ ရေထဲမှာ နာရီတော်တော်ကြာအောင် ရပ်နေပြီး ကင်မရာကို ရှပ်တာနှုန်းအမျိုးမျိုးပြောင်းပြီး ရိုက်ယူခဲ့တဲ့အထဲက စိတ်ကြိုက်ပုံတစ်ပုံ လို့ဆိုပါတယ်။

Grey line 2 pixels

Alessandro Gruzza

A frozen pond with mountains behind

ဓာတ်ပုံ ရင်းမြစ်, Alessandro Gruzza/ National Geographic

ဓာတ်ပုံဆရာ Alessandro Gruzza က ဒီပုံကို အီတလီနိုင်ငံက Pale di San Martino တောင်ထွတ်တွေကို ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။ ဆောင်းဥတုဝင်စ နေ့ရက်တွေမှာ ရေအိုင်လေးရဲ့ မျက်နှာပြင်ကို ခဲသွားစေပြီး အနောက်တောင်လေက တိမ်တွေကို တောင်ထိပ်တွေ နောက်ခံနဲ့ လှလှပပတွေ့နေရပါတယ်။

Grey line 2 pixels

Michael O'Neill

A peacock bass surrounded by fish

ဓာတ်ပုံ ရင်းမြစ်, Michael O'Neill/ National Geographic

Michael O'Neill ရဲ့ လက်ရာကတော့ ဖလော်ရီဒါပြည်နယ် မိုင်ယာမီက ရေကန်ကြီးတစ်ခုထဲက ငါးမတစ်ကောင် သားပေါက်ကလေးတွေအနားက မခွာပဲ စောင့်ရှောက်နေတဲ့ ပုံပါ။ ကကတစ်ဒေါင်းငါးအနွယ်ဝင် ဒီ ငါးမဟာ ကလေးတွေ နည်းနည်းကြီးလာတဲ့ အချိန်အထိ အနားမှာ နေပြီး တခြား သားစားသတ္တဝါတွေရဲ့ ရန်က ကာကွယ်ပေးပါတယ်။

Grey line 2 pixels

Tori Shea-Ostberg

A tornado comes dangerously close to two houses

ဓာတ်ပုံ ရင်းမြစ်, Tori O'Shea/ National Geographic

အခုပုံကတော့ သဘာဝတိရိစ္ဆာန်တွေပုံ မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝရဲ့ ဖန်တီးချက်တစ်ခုဖြစ်တဲ့ တော်နေဒိုး လေဆင်နှာမောင်းကြီးတစ်ခု ၂၀၁၆ မေလ ၇ ရက် က ကိုလိုရာဒိုပြည်နယ် ရေးမြို့ကလေးမှာ တိုက်ခတ်သွားပုံပါ။ ဓာတ်ပုံဆရာ Tori Shea-Ostberg နဲ့ မိတ်ဆွေတွေက ကုန်းကမူကလေးတစ်ခုဆီ အပြေးကပ်ပြီး ခိုလှုံခဲ့ရတယ်လို့ဆိုပါတယ်။

Grey line 2 pixels

Chris McCann

An aerial view of the bright colours of San Francisco salt mines

ဓာတ်ပုံ ရင်းမြစ်, Chris McCann/ National Geographic

အမေရိကန်ပြည်ထောင်စု ဆန်ဖရန် စစ္စကို ပင်လယ်ကွေ့ဒေသက ရေတင်ဧရိယာ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း၊ ဧကအားဖြင့် ၁၆၅၀၀ ဟာ ဆားတူးကွင်းတွေ ဖြစ်ပါတယ်။ ရေတွေကို ဒီ ကန်ကြီးတွေထဲ ဖြည့်ထည့်၊ အခြောက်ခံ အငွေ့ပျံစေပြီး ဆားကို ထုတ်ယူကြပါတယ်။ Chris McCann ရဲ့ ပုံထဲမှာတော့ ရေစီးကြောင်းတွေရဲ့ အနားတွေမှာ ဆားတွေ စ ခဲလာနေတာကို တွေ့နိုင်ပါတယ်။

Grey line 2 pixels

ဒီလက်ရာတွေ အားလုံးရဲ့ မူပိုင်ခွင့်ဟာ မူရင်းလက်ရာပိုင်ရှင်တွေဆီမှာ ရှိပါတယ်။