အမေရိကန် သမ္မတရွေးပွဲမှာ ကြိုတင်ခန့်မှန်းချက်တွေ ဘာကြောင့်မှားခဲ့လဲ။
အမေရိကန် သမ္မတရွေးပွဲမှာ ကြိုတင်ခန့်မှန်းချက်တွေ ဘာကြောင့်မှားခဲ့လဲ။
ရွေးကောက်ပွဲတွေ ဆန္ဒခံယူပွဲတွေ လုပ်တော့မယ်ဆိုရင် ဘယ်သူ ဘယ်ဘက်က အနိုင်ရနိုင်သလဲဆိုတဲ့ ကြိုတင်ခန့်မှန်းချက်တွေ၊ လူထုသဘောထား စစ်တမ်းတွေကို သတင်းဌာနတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တတ်ပါတယ်။ အဲဒီ စစ်တမ်းတွေဟာ များသောအားဖြင့် မှန်တတ်ကြပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာတော့ အားလုံးနီးပါး တက်တက်စင်အောင်လွဲပြီး မမျှော်လင့်တဲ့ အဖြေထွက်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ သဘောထားစစ်တမ်းတွေ ဘယ်လို လွဲချော်ကုန်တာပါလဲ။ ကိုမင်းထက်ရဲ့ နိုင်ငံတကာ သတင်းသုံးသပ်ချက် အစီအစဉ်ကို နားဆင်ကြည့်ကြရအောင်ပါ။