nnnnn
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေး သုံးသပ်ချက် - နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်တိုက်ဆုံနေပြီလား

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က သူ့နိုင်ငံထဲ ကို တင်သွင်းမယ့် သံမဏိ နဲ့ အလျူမီနီယံတွေ ကို တင်သွင်းခွန်မြှင့် လိုက်တဲ့ ကိစ္စ က သူ့အနီးကပ်မဟာမိတ် အနောက်ဥရောပ နိုင်ငံတွေနဲ့ မြောက်အမေရိက က ကနေဒါ တို့ အနေနဲ့ အတော့ကို ထိခိုက်တာတွေ ဖြစ်လာလို့ သူတို့ကြား မကြည်မလင်တွေ အတော်ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကဆွေးနွေး ကြတဲ့ G 7 ဆွေးနွေးပွဲမှာလည်း ဒီအရေး မပြေလည်ပါဘူး။

ပိစိဖိတ် နိုင်ငံများ စီးပွား ပူးပေါင်း ဆောင်ရွက်ရေး တီပီပီ လုပ်ဖို့ ပြင်နေတာ ကို ထရမ့် က ရပ်ခဲ့တယ် နောက် ဒီ ဂျီ ဆဲဗင်း အပြီးအပြန်မှာလည်း သူ က မြောက်အမေရိကတိုက် လွတ်လပ်စွာကုန်သွယ်မှု သဘောတူ စာချုပ် ကိုလည်း ဖျက်မယ်လို့ ကြိမ်းဝါးဆဲပါ။

အရင် က စီးပွားရေး ပညာရှင်တွေ က စီးပွားရေး နဲ့ပတ်သက်ပြီး လမ်းကြောင်းပုံစံ ချတာ ကို နိုင်ငံရေးခေါင်းဆောင်တွေ ကအသိအမှတ်ပြုလိုက်နာ ခဲ့ကြတာပါ၊ အခုတော့ နိုင်ငံရေး ခေါင်းဆောင် ကပဲ စီးပွားရေး လမ်းကြောင်း ကို ချလာနေပြီး နိုင်ငံရေးဘက် က စီးပွားရေး ဘက်ကို အလေးမပြု ကျူး လာတဲ့ပုံပါ။

ကမ္ဘာ က ဒီလို ဖြစ်စဉ်တွေ ကို ကြည့်ရင်း နိုင်ငံရေး သမား က စီးပွားရေး ကို ပါဝင် လမ်းကြောင်းချ တာတွေ က ဘယ်လို သက်ရောက် မှု တွေ အထိ ကြီးလာမလဲ။

ဒီတပတ်စီးပွားရေး သုံးသပ်ချက်အစီအစဉ် မှာ နားဆင်နိုင်ပါတယ်။