သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာသတင်းသုံးသပ်ချက် (တာလီဘန် ရဲ့ လက်လုပ်ဗုံးတွေ)

Image caption IED ရှင်းလင်းနေတဲ့ အမေရိကန်တပ်တွေ

IED လို့ခေါ်တဲ့ လမ်းဘေးမှာ ထောင်ပြီးတိုက်ခိုက်တဲ့ ဗုံးတွေကြောင့် အာဖဂန်နစ္စတန်မှာ စစ်ဆင်ရေးတွေ လုပ်နေတဲ့ အမေရိကန် နဲ့ ဗြိတိသျှ တပ်ဖွဲ့တွေ အထိအခိုက် များနေပါတယ်။ ဒီနှစ်ဖေဖေါ်ဝါရီလအထိ ဗြိတိသျှ တပ်ဖွဲ့ဝင် ၂၆၀ ကျဆုံးခဲ့ရတဲ့ အထဲမှာ အများစုက IED တွေကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် IED အန္တရာယ် ကာကွယ်ရေးကို အဓိက ဦးစားပေးအဖြစ် ဗြိတိသျှအစိုးရက ကိုင်တွယ်သွားဖို့ စီစဉ်နေပါတယ်။ ပေါင်စတာလင် သန်းပေါင်း ၁၅၀ သုံးပြီး IED ရှင်းလင်းရေး ကျွမ်းကျင်သူတွေ လေ့ကျင့်မွေးထုတ်သွားမယ်လို့လည်း ကြေငြာထားပါတယ်။

ဒီ လမ်းဘေးထောင် မိုင်းတွေ ဗုံးတွေကြောင့် အခုလောလောဆယ် အာဖဂန်မှာ လုပ်နေတဲ့ တာလီဘန်တွေ ချေမှုန်းရေး ထိုးစစ်ကို လည်း အများကြီး အဟန့်အတား ဖြစ်နေစေ ပါတယ်။ အဲဒီ IED ဆိုတာ ဘာလဲ၊ ဒီအန္တရာယ် အတွက်ဘAssetာလုပ်နိုင်မလဲ၊ ကိုမင်းထက်က လေ့လာ တင်ပြထားပါတယ်။