သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပွဲစဉ်သုံးမှာ စပါး မထင်မှတ်ဘဲ အရေးနိမ့်

Image caption စပါးနဲ့ ဝစ်ဂန် ဘောလုံး ယှဉ်လု

ပြီးခဲ့တဲ့ အပတ်က Young Boys ကို လေးဂိုးပြတ်နဲ့ နိုင်တဲ့ တော်တင်ဟမ် အသင်းဟာ ဒီအပတ် ပရဲမီးယားလိဂ်မှာ ဝစ်ဂန်ကို မထင်မှတ်ဘဲ အိမ်ကွင်းမှာ တဂိုး ဂိုးမရှိနဲ့ ရှုံးသွားပါတယ်။

ထိပ်ဆုံးက ချယ်ဆီး၊ အာဆင်နယ်၊ မန်ချက်တို့ သုံးသင်းလုံး သုံးမှတ်စီ ယူသွားကြပါတယ်။

သောကြာနေ့မှာ ဥရေပ ဖလား ခြေစစ်ပွဲတွေ စကစားမှာ ဖြစ်ပြီး ဖယ်ဘီယို ကပ်ပဲလို တယောက် ကမ္ဘာ့ဖလားက သိက္ခာကျခဲ့တာကို ဘယ်လောက် ပြန်ဆယ်နိုင်မလဲ ဆိုတာ ဆွေးနွေးထားပါတယ်။