သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လူကြိုက်များကြတဲ့ မိန့်ခွန်း ကို ပြောခဲ့သူ

ဗြိတိန် နိုင်ငံ မန်ချက်စတာမြို့မှာ လွန်ခဲ့တဲ့ သီတင်းပတ် စက်တင်ဘာ ၂၇ ရက်နေ့ က ကျင်းပခဲ့တဲ့ လေဘာပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး မဝေနှင်း ပွင့်သုန် က စကားပြောခွင့် ရခဲ့ ပါတယ်။

အသက် ၂၁ နှစ် အရွယ် မဝေနှင်းဟာ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သူ ကိုမြအေး ရဲ့ သမီး ဖြစ်ပြီး Burma Campaign UK က ဖြစ်ပါတယ်။

လေဘာပါတီ က ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း လူ ၅၀၀ ကျော် တက်ရောက် နေတဲ့ အဲဒီ ညီလာခံ မှာ သူ ပြောကြားခဲ့တဲ့ မိန့်ခွန်း ကို ဘီဘီစီ ပါလီမန် ရုပ်မြင် သံကြား ကလည်း တိုက်ရိုက် ထုတ်လွှင့်ခဲ့သလို မိန်ခွန်း အဆုံးမှာ ညီလာခံ တက်ရောက် သူ အားလုံး က မတ်တပ်ရပ် ပြီး လက်ခုပ် တီး ဂုဏ်ပြုခဲ့ ကြ ပါတယ်။

ဒါ့အပြင် ဒီမိန့်ခွန်းကို နှစ်ခြိုက် ကြသူ လူအများအပြား က Facebook မှာ တင်ကြ၊ You Tube မှာ တင်ကြနဲ့ အလေးထား ဂုဏ်ပြု တာကို တွေ့ရပါတယ်။

မဝေနှင်း ပွင့်သုန် နဲ့ သူ့ ရဲ့ အဲဒီ မိန့်ခွန်း အကြောင်း ကိုရင်မောင် က သောတရှင် တို့ နားဆင်နိုင်ဖို့ အခုလို စီစဉ် ဖန်တီး ပေးထား ပါတယ်။