သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံတကာသတင်း သုံးသပ်ချက်

ဓာတ်ပုံ မူပိုင် PA

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် World Service ကို ထောက်ပံ့ငွေတွေ ပေးနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးဌာန က ထောက်ပံ့ငွေ ၁၆ ရာခိုင်နှုန်း ဖြတ်တောက်လိုက်တဲ့ အတွက် ဘီဘီစီ မှာ လည်း ဘာသာစကားဌာနတွေ ပိတ်တာ၊ ဝန်ထမ်း ၆၅၀ လောက်လျှော့တာတွေ လုပ်လာရပါတယ်။

ဒီလို ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ဘာကြောင့် လုပ်ဖို့ လိုအပ်တာပါလဲ၊ ဘယ်ဌာနတွေ ပိတ်မယ်၊ ဘယ်ဝန်ထမ်းတွေ လျှော့မယ်ဆိုတာကို ဘယ်လို အချက်တွေအပေါ် ကြည့်ပြီး ဆုံးဖြတ်ခဲ့တာပါလဲ၊

အခုလို အပြောင်းအလဲတွေကြောင့် ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ ရှေ့အလားအလာကရော ဘယ်လို ဖြစ်လာမလဲ၊ နိုင်ငံတကာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ ကိုမင်းထက်က တင်ပြထားပါတယ်။