သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထောင်တွင်း အတွေ့အကြုံ မှတ်တမ်း ဒိုင်ယာရီ

Image caption အင်းစိန်ထောင်ထဲက ထွက်လာတဲ့ ရဲစီး မော်တော် ဆိုင်ကယ်

မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့် မရှိသလို သတင်းသမား တွေကိုလည်း အကြောင်းမဲ့ မတရား ဖမ်းဆီး ထောင်ချမှုတွေ ရှိနေပါတယ်။

အဲဒီ သတင်းသမား တွေထဲက တယောက် ဖြစ်တဲ့ ၊ နာဂစ် မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီမိလို့ ထောင် နှစ်နှစ် ကျခံ ခဲ့ရတဲ့ သတင်းထောက် မလေးရဲ့ မှတ်တမ်း ဒိုင်ယာရီကို ဖော်ပြပေးထားပါတယ်။

အသက်နှစ်ဆယ်ကျော် အရွယ်မှာ အောင်မြင်တဲ့ သတင်းထောက် တယောက် ဖြစ်လာဖို့ ကြိုးစားနေချိန်မှာ လှေလှော်ရင်း တက်ကျိုး သလို ဖြစ်ခဲ့ရတဲ့ သတင်းထောက် မလေးရဲ့ ထောင်ထဲမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ မှတ်တမ်းကို နားဆင်နိုင်ပါပြီ။

အာဏာပိုင် တွေရဲ့ အကြောင်းမဲ့ ဖမ်းဆီး ထောင်ချမှုကြောင့် ဘဝ လမ်းကြောင်း အကွေ့အပြောင်း တွေနဲ့ တွေ့ကြုံ ဖြစ်ပျက်ခဲ့ရပုံ တွေကို ကြားကြရမှာ ဖြစ်ပါတယ်။