သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စီးပွားရေးအလားအလာကောင်းဖို့ အစိုးရသစ် ဘာလုပ်သင့်လဲ

ဓာတ်ပုံ မူပိုင် AP

မြန်မာနိုင်ငံမှာ နိုင်ငံရေး အခင်းအကျင်း ပြောင်းသွားပေမဲ့ လူမပြောင်းတာကြောင့် စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ချက်ချင်းတိုးတက် ကောင်းမွန်လာမဲ့ ပုံမရှိဘူးလို့ အခု သီတင်းပတ်အတွင်းထွက်လာတဲ့ The Economist Intelligence Unit ရဲ့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စီးပွားရေး၊ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာမူဝါဒတွေရဲ့ အာနည်းချက်တွေကို ထောက်ပြထားပါတယ်။

ဒီတော့ ဒီမူဝါဒတွေမှာ ဘယ်လို အဓိက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လို ပါသလဲ၊ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးနဲ့ ဦးဟန်ထွန်း ( အခွန် )တို့ရဲ့ အကြံပြုချက်တွေကို ဒီတပတ် စီးပွားရေးသုံးသပ်ချက်ကဏ္ဍမှာ ဦးဘမော်က တင်ပြထား ပါတယ်။