ပါကစ္စတန် စစ်စခန်းတခု အတိုက်ခံရ

base_paquistao ဓာတ်ပုံ မူပိုင် AP
Image caption အတိုက်ခိုက် ခံရတဲ့ စစ်စခန်း

ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်က အစောင့်အကြပ် ထူထပ် တဲ့ စစ်စခန်း တခုကို သေနတ် သမား တွေက တိုက်ခိုက် ခဲ့ကြ ပါတယ်။

ဒီသေနတ် သမား တွေက လက်နက် အပြည့် အစုံ ကိုင်ဆောင် ထားသလို ဖောက်ခွဲရေး ပစ္စည်း တွေလဲ ပါလာ ကြပြီး အဲဒီ စစ်စခန်း ထဲမှာ ရှိနေတဲ့ ရေတပ်က တပ်ဖွဲ့ဝင် တွေနဲ့ အပြန် အလှန် တိုက်ခိုက် ခဲ့ကြ တယ်လို့ တာဝန် ရှိသူ တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံး ခဲ့ပြီးဖြစ် ပါတယ်။

အဲဒီ သေနတ်သမားတွေ က ဓားဆာခံတချို့ကိုလဲ ဖမ်းဆီး ထားသလို သူတို့ ဖမ်းဆီးထား သူတွေ ထဲမှာ တရုပ် စစ်ဝန်ထမ်း လဲ ပါဝင် တယ်လို့ ဆိုပါတယ်။ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက တော့ အခု ဒီ စစ်သွေးကြွ တွေကို အဆောက် အအုံ တခုထဲမှာ ဝိုင်းမိထား ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင် တွေ ရဲ့ အဆို အရတော့ ဒီ သေနတ် သမားတွေဟာ လေယာဉ်တွေ သိမ်းဆည်း တဲ့ အဆောက်အအုံ တွေ ကို ပစ်မှတ် ထား ပြီး တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပြီး အဲဒီ တိုက်ခိုက် မှုကြောင့် P3 C လေယာဉ် တွေ အပါအဝင် လေယာဉ် အချို့ လဲထိခိုက် ပျက်စီးခဲ့ရပါတယ်။

ပါကစ္စတန် ရေတပ် ရဲ့ ပြောခွင့်ရသူ ကွန်မိုဒို အာဖန် အူလ်ဟခ် ကလဲ အခုတော့ အခြေ အနေ တွေကို ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ပြောပြ ရာမှာ တော့ အကြမ်းဖက် သမား တွေက ဒီ စစ်စခန်းကို ခေတ်မီ လက်နက်တွေ သုံးပြီး တိုက်ခိုက်ခဲ့ ကြတဲ့ အကြောင်းနဲ့ P3C လေယာဉ် တစင်းကို ပစ်မှတ် ထားခဲ့ ကြကြောင်း၊ ပါကစ္စတန် ရေတပ် ကွန်မန်ဒို တွေနဲ့ မရိမ်း တွေက အခု ဒီအကြမ်းဖက် သမားတွေကို ဝိုင်းမိထားပြီး ဖြစ်ကြောင်း နဲ့ အခြေ အနေတွေ ကိုလဲ ဒီ တပ်ဖွဲ့ ဝင်တွေက ထိန်းထား နိုင်ပြီ ဖြစ်ကြောင်း တွေကို ပြောပြ သွား ပါတယ်။

ဒီတိုက်ခိုက်မှုကို တော့ ဘယ်အဖွဲ့က လုပ်ခဲ့တယ် ဆိုတာကို မပြောသေးပါဘူး။

ဒါပေမယ့် အိုစမာ ဘင်လာဒင် ကို သုတ်သင်ခဲ့တာ နဲ့ ပတ်သက်လို့ ပါကစ္စတန် တာလီဘန် တွေက လက်စားခြေမယ် ဆိုပြီး ခြိမ်းခြောက် ထားဖူးပါတယ်။