သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မန်ချက် သရေကျ၊ အဓိက ပြိုင်ဘက်တွေနိုင်

မန်ချက်စတာ ယူနိုက်တစ်ရဲ့ ဒီနှစ် ပွဲတိုင်းနိုင် စံချိန် ဒီအပတ် ထဲမှာ ကျိုးပျက် သွားသလို တဘက်မှာ သူ့ရဲ့အဓိက ပြိုင်ဘက်တွေ အားလုံး အနိုင်ရခဲ့ပါတယ်။

ယူနိုက်တစ်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာ လိမ့်မယ်လို့ ထင်ကြေးပေး ခံထား ရတဲ့ မန်စီးတီး အသင်းဟာ အဲဗာတန်ကို အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရသွား ခဲ့ပါတယ်။

ဒီတော့ ခြောက်ပွဲစီ ကစားပြီးချိန်မှာ မန်ချက်နဲ့ စီးတီး ၁၆ မှတ်စီနဲ့ ဇယားထိပ်နေရာကို ပူးတွဲ ယူထားပါတယ်။

ချယ်ဆီးက မန်ချက်စတာက နှစ်သင်းနဲ့ သုံးမှတ်အကွာ တတိယနေရာမှာ ရှိနေပါတယ်။

တခါ အာဆင်နယ်ဟာလည်း ဘောလ်တွန်ကို သုံးဂိုးပြတ်နဲ့ နိုင်ပြီး တန်းဆင်းဇုံနားကနေ နံပါတ် ၁၂ နေရာကို ခုန်တက်လာခဲ့ပါတယ်။

လီဗာပူးက ဝူဗာ ဟမ်တန်ကို နှစ်ဂိုး တဂိုးနဲ့ နိုင်ပြီး နံပါတ် ငါးနေရာကို တက်လာသလို တော်တင်ဟမ် ဟော့စပါးလည်း ဝစ်ဂန်ကို အဝေးကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ပဲ နိုင်ပြီး နံပါတ် ခြောက်နေရာမှာ ရှိနေပါတယ်။

ဥရောပ အမှတ်ပေးဖလားပွဲတွေကို ကြည့်ရင် အီတလီ စီးရီးအေမှာ ထိပ်ဆုံးက သုံးသင်းလုံး ဒီနေ့ အနိုင်မရကြပဲ ယူဗင်းတပ်က ဘိုလော့ညာနဲ့ တဂိုးစီ သရေကျပြီး ဇယားထိပ် တက်လာပါတယ်။

စပိန် လာလီဂါမှာ ရီးယဲရော လက်ရှိချံပီယန် ဘာစီလိုနာပါ ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့ပါတယ်။