သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကျေးတမာနဲ့ ပေဖူးလွှာ အစီအစဉ်

ဒီတပတ် ကျေးတမာနဲ့ ပေဖူးလွှာ အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းသား ၆ထောင်ကျော် ပြန်လွတ်လာတဲ့ သတင်းအပေါ် တုန့်ပြန် ရေးလာတဲ့ စာ၊ တရုတ်နိုင်ငံမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရလောက်အောင် လူလူချင်းစာနာစိတ် ကင်းမဲ့တဲ့ ဖြစ်ရပ်အကြောင်းနဲ့ ပတ်သက်လို့ တုန့်ပြန်ရေးလာတဲ့စာ၊ ဘီဘီစီက ထုတ်လွှင့်နေတဲ့ ပြည်သူကြားက ပြည်သူစကား အစီအစဉ်မှာ တင်ပြခဲ့တာကြောင့် ညောင်ရွှေမြို့ ဆေးရုံကြီးမှာ မွေးဖွားခွင့်စားရိတ်တွေ လျော့ကျသွားတဲ့အကြောင်း တုန့်ပြန်ရေးလာတဲ့ ကျေးဇူးတင်စာ အပါအဝင် သောတရှင်တွေရဲ့စာတွေကို ဖေါ်ပြ ပြန်ကြားပေးထားပါတယ်။