သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

BRIC ၁၀နှစ် နဲ့ အိန္ဒိယ

ဓာတ်ပုံ မူပိုင် AFP

စီးပွားရေး အရ အားကောင်းလာတဲ့ နိုင်ငံတွေ အဖြစ် ဘရာဇီး ရုရှား အိန္ဒိယ နဲ့ တရုတ် နိုင်ငံတွေ ကို နိုင်ငံ အမည် အစ စာလုံးတွေ ကို ယူပြီး BRIC နိုင်ငံတွေ လို့ တင်စား ခေါ်ဝေါ် လာကြတာ က ၂၀၀၁ ခုနှစ် အခုလို ကာလ ကတည်း က ဆိုတော့ အခုဆို ၁၀ နှစ် ပြည့်လာ ပါပြီ။

ဒါကြောင့် ဒီတပတ် စီးပွားရေး သုံးသပ်ချက်မှာ ကိုရင်မောင် က အိန္ဒိယ နိုင်ငံ က ဒီ BRIC နိုင်ငံတွေ ထဲ တက်လှမ်းခဲ့ပုံတွေ နဲ့ လက်ရှိ ပြဿနာ တွေ အကြောင်း၊ တခါ အိန္ဒိယ အနေနဲ့ BRIC နိုင်ငံ တခု ဖြစ်နေခြင်း ဟာ ဘယ်လို အကျိုးကျေးဇူးတွေ ဖြစ်လာနိုင်မလဲ စတာတွေကို ဘီဘီစီ သတင်းထောက် Nidhi Dutt နစ်ဒီ ဒတ် ရဲ့ သတင်းလွှာ အပေါ်မူတည် တင်ဆက်ပေးထားပါတယ်။