နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2012 - 18:50 GMT

မိုဘီဂျီနိုနဲ့ Sound of 2012

မီဒီယာ ပလေးယား

မိုဘီ ဂျီနို ကဏ္ဍကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ . . .

Michael Kiwanuka

မိုက်ကယ် ကီဝါနုကာ MTV Brand New for 2012 အတွက် သီဆိုစဉ်

ယူကေဂီတလောကနေ ရွေးချယ်လိုက်တဲ့ ဒီနှစ်အတွက် အလား အလားအရှိဆုံး လူသစ်တန်း အဆိုရှင်တစ်ဦး အကြောင်း တင်ဆက်ထားပါတယ်။

ဂီတလောကကို စတင်ဝင်ရောက်လာပြီး ပရိတ်သတ်သိပ်မသိသေးတဲ့ အဆိုတော် အသစ်တွေထဲက အခုနှစ်အတွင်း ထူးထူး ခြားခြား ရေပမ်းစားလာမယ့် သူတစ်ဦးကို ဘီဘီစီက ကြီးမှူးကာ Sound of 2012 ဆိုပြီး မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဆုရသူကတော့ လန်ဒန်မြောက်ပိုင်းမှာ နေတဲ့ အသက် ၂၄ နှစ်အရွယ် Michael Kiwanuka ဖြစ်ပါ တယ်။

သူ့ကို ယူကေမှာ ရှိတဲ့ ဂီတပညာရှင်တွေ၊ ဒီဂျေတွေ၊ ရေဒီယိုနဲ့တီဗီ ထုတ်လုပ် ရေးမှူးတွေ၊ ဂီတ မဂ္ဂဇင်း အယ်ဒီတာတွေ၊ ဂီတ ဘလော့ဂါတွေက ဒီနှစ်အတွက် အလား အလာ အကောင်းဆုံး အဆိုရှင် အဖြစ် စုပေါင်း မဲထည့်ပြီး ရွေးချယ်ခဲ့ကြတာပါ။

အရင်နှစ်တွေက ဆုရသူများ

Jessie J
  • Sound of 2011: Jessie J (အပေါ်ပုံ)
  • Sound of 2010: Ellie Goulding
  • Sound of 2009: Little Boots
  • Sound of 2008: Adele
  • Sound of 2007: Mika
  • Sound of 2006: Corinne Bailey Rae
  • Sound of 2005: The Bravery
  • Sound of 2004: Keane
  • Sound of 2003: 50 Cent

မိုက်ကယ် ကီဝါနုကာဟာ ဒီဆုအတွက် ထိပ်ဆုံး ဇကာတင် စကားရင်းမှာပါတဲ့ အမေရိကန် က R 'N' B နဲ့ ဟစ်ပ်ဟော့ပ် အဆိုတော်တွေ နဲ့ ဥရောပက ပေါ့ပ် အဆိုတော်တွေကို ကျော်တက်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။

သို့ မိုဘီ ဂျီနို . . .

မိုဘီ ဂျီနို အစီအစဉ်မှာ ကိုယ်သိချင်၊ ကြားချင်တဲ့ အကြောင်း အရာတွေ ရှိရင် ဆက်သွယ်နိုင်သလို မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ အနာဂတ် အိပ်မက်တွေ အကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိ ပါတယ်။

ဆက်သွယ်မယ်ဆိုရင် အီးမေးလ် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။