သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လင်းလက် ကြယ်စင်

ဓာတ်ပုံ မူပိုင် AFP
Image caption ဘ၀မှာ ခိုင်လုံတဲ့ အလုပ်ကောင်းကောင်း ရဖို့ဆိုတာ လူငယ်တွေရဲ့ အိပ်မက်တခု ဖြစ်ပါတယ်။

လူငယ်တွေ အတွက် အထူးတင်ဆက်တဲ့ လင်းလက် ကြယ်စင် အစီအစဉ် ဒီတပတ်မှာ စတင် ပါပြီ။

အခု အစပိုင်းမှာ ပညာရေးနဲ့ ပတ်သက်တာတွေ တင်ဆက်ပေးမှာဖြစ်ပြီး ပညာရေး အစီအစဉ် ၅ ခု ထဲ က ပထမဆုံး အစီအစဉ်မှာတော့ လူငယ်တွေ အကြား ဘယ်လို အလုပ်အကိုင်မျိုး က ရေပန်းအစားဆုံးလဲ ဆိုတာ ကို ဖွေရှာ ထားပါတယ်။

မြန်မာလူငယ် တွေ အကြား လင်းလက်ကြယ်စင် အဖွဲ့ဝင်တွေ က သူတို့ အနှစ်သက်ဆုံး အလိုချင်ဆုံး အလုပ်တွေ ကို မေးမြန်းခဲ့ပြီး ဒီ အစီအစဉ် ကို ဖန်တီးထားတာပါ။

သူတို့ အနှစ်သက်ဆုံး အလုပ်တွေ ထဲက ထိပ်ဆုံး အလုပ်အကိုင် တွေ ကို လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ တနေ့တာ ဘဝတာ တွေ ကိုလည်း ဒီ အစီအစဉ် မှာ ထည့်သွင်းထားပါတယ်။

မြန်မာပြည်က မျိုးဆက်သစ် လူငယ်တွေ အတွက် စီစဉ်ပေးတဲ့ ဒီအစီအစဉ် ကို အပတ်စဉ် စနေ နဲ့ တနင်္ဂနွေ နေ့ည တိုင်းမှာ ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပြီး ခေါင်းစဉ် တွေ ကတော့ ပညာရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်တွေ ရဲ့ လူမှုဝန်းကျင် စသဖြင့် အမျိုးမျိုး ပါဝင် ပါလိမ့်မယ်။