သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကချင်ငြိမ်းချမ်းရေး လူထုဘာလုပ်မလဲ

Image caption ကချင်ငြိမ်းချမ်းရေးရဖို့ အဓိက ဦးဆောင်မှု နေရာမှာ ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်

လာမယ့် ဇွန်လ ၉ ရက်နေ့ဆို အစိုးရတပ်တွေနဲ့ ကချင် လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်ဖြစ်တာ တနှစ်ပြည့်ပါပြီ။ တိုက်ပွဲတွေကြောင့် ဒုက္ခသည် စခန်းတွေမှာ နေရသူတွေလည်း များခဲ့ပါပြီ။ အထိအနာဆုံး ကတော့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိနေခဲ့ပေမယ့်လို့ ကိုယ့်မူဝါဒနဲ့ ကိုယ် ခုထား၊ ခံထား ကြတာမို့ တကယ့်ငြိမ်းချမ်းရေး မရသေးဘဲ တိုက်ပွဲတွေက ရက်ခြား ဆိုသလို ဖြစ်နေတုန်းပါပဲ။ ဒီတော့ မတတ်သာဘဲ မြေဇာပင် ဖြစ်နေကြတဲ့ ပြည်သူတွေက ဘယ်လုပ်နိုင်မလဲ၊ ဘာပြောချင်သလဲ၊ ငြိမ်းချမ်းရေးအတွက် တခြားလမ်းစရော ရှိပါသလား။ ဒီအကြောင်းတွေကို သောတရှင်တွေက အားတက်သရော ပါဝင်ဆွေးနွေး ထားကြပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကချင်ပြည် ရောက်ပြီး၊ ဒေသခံတွေ၊ ကေအိုင်အိုက တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တဲ့ သတင်းစာပညာ သင်တန်းဆရာနဲ့ အလွတ် သတင်းထောက် ဦးရဲနိုင်မိုးနဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးက တာဝန်ခံ ဒေါ်မွန်နေလီတို့ ပါဝင် ဆွေးနွေး ထားကြပါတယ်။