BBC navigation

ပညာရေး အဆင့်အတန်းမြင့်အောင် ဘယ်လိုလုပ်သင့်သလဲ

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 19:37 GMT

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပညာရေးဟာ အဓိက သော့ချက် ကျပါတယ်။

မြန်မာ့ပညာရေး အဆင့်အတန်း မြင်မားအောင် နိုင်ငံတကာက ပံ့ပိုးမှုတွေ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေပါတယ်။

ဒီလို နိုင်ငံတကာ က ပံ့ပိုးကူညီရုံနဲ့ မြန်မာပညာရေးအဆင့်အတန်းမြင့်လာမယ်လို့ ယူဆပါသလား။

ပညာရေးအဆင်အတန်း မြင့်မားအောင် ဘယ်လို ပုံစံနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ စီစဉ်ဆောင်ရွက်သင့်ပါသလဲ

သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက် လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။