BBC navigation

ဒေါက်တာဆိတ်ဖွားကို လွှတ်တော်ကြီးကနေ အရေးယူ သင့်သလား

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 18:52 GMT

ဒေါက်တာဆိတ်ဖွားရဲ့ ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားဆိုတဲ့ အင်တာနက်ဆောင်းပါးနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ အတည်ပြုခဲ့ပါတယ်။

ဒီလို အင်တာနက်မှာ ရေးသားချက်အပေါ် နိုင်ငံတနိုင်ငံရဲ့ အဓိက ဥပဒေပြု မဏ္ဍိုင်ကြီးဖြစ်တဲ့ လွှတ်တော်က ကော်မရှင်ဖွဲ့ အရေးယူဖို့ အထိ လုပ်ဖို့ မလိုအပ်ဘူးလို့ တချို့က ယူဆကြပါတယ်။

သောတရှင်တို့ကကော ဘယ်လိုထင် ပါသလဲ။

သောတရှင်တို့ရဲ့ အမြင်သဘောထားတွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီ ကို အီမေးနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

အီမေးနဲ့ဆက်သွယ်ရင်burmese@bbc.co.uk ဆိုတဲ့ အီးမေး ကိုဆက်သွယ်နိုင်သလို ၊ တယ်လီဖုန်းနဲ့ ဆိုရင် 004420361 44064 ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ် နိုင်ပါတယ်။

သောတရှင်တို့ ပြောလိုတာ တွေကို အသံသွင်း ထားခဲ့ပြီး ပြန်လည် ခေါ်ယူနိုင်မယ့် ဖုန်းနံပတ် ပါပေးထားခဲ့ရင် ဘီဘီစီက ပြန်ပြီး ဆက်သွယ်ပါမယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။