BBC navigation

ထမင်းတနပ်လျော့စားလို့ လယ်သမားတွေ အကြွေးဆပ်နိုင်မလား

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 01:35 GMT

ဒီကနေ့ လယ်သမားတွေ အဓိကကြုံနေရတဲ့ ပြသနာက ကြွေးမြီထူပြောတာဖြစ်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ် ။

လယ်ယာနဲ့ဆည်မြောင်းဝန်ကြီးကတော့ ထမင်းတနပ်လျော့စားပြီး အကြွေးတွေကို ဆပ်ဖို့ အကြံပြုခဲ့ပါတယ်။

ဒီလို အကြံပြုချက်ဟာ ဘယ်လောက်လက်တွေ့ ကျတဲ့ ဖြေရှင်းနည်းလို့ သောတရှင်တွေ ယူဆကြပါသလဲ

လယ်သမားတွေကြုံနေရတဲ့ ပြသနာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းသင့်ပါသလဲ

လာမယ့် ဖေဖေါ်ဝါရီလ ၆ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီကို အီးမေးနဲ့ ဖြစ်စေ တယ်လီဖုန်းနဲ့ ဖြစ်စေ ရေးသား ဆက်သွယ်ကြ ပါခင်ဗျာ။

အီးမေးနဲ့ဆိုရင် burmese@bbc.co.uk ကို ရေးသား ဆက်သွယ်နိုင် သလို တယ်လီဖုန်း နံပတ် ၀၀၄၄ ၂၀၃၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး နိုင်ငံ ဖုံးနံပတ် အမည်နဲ့ ပြောလိုတဲ့ အကြောင်း အရာကို အသံသွင်းစက်ထဲ ပြောထားခဲ့ရင် ကျနော်တို့ ပြန်ခေါ်ပါ့မယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။