ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် လူ့အဖွဲ့အစည်း ကဘယ်လို ကြိုးပမ်းကြမလဲ

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတွဲနေထိုင်ဖို့ ကြိုးပမ်း နေတဲ့ကြားကဘဲ ကန့်ဘလူမြို့နယ်မှာ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီတော့ လူ့အဖွဲ့အစည်းကြားမှာ အမုန်းတရားတွေ လျော့နည်းပြီး ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ညီညွတ်အောင် အဓိက ဘာတွေလိုအပ်နေပါသလဲ။

ငြိမ်းချမ်းစွာ တူယှဉ်တွဲ နေထိုင် နိုင်အောင် ဘာတွေ လုပ်သင့်တယ်လို့ သောတရှင်တို့ ထင်ပါသလဲ။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမယ့် စက်တင်ဘာလ ၇ရက် စနေနေ့ညလွတ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။