ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူပြန်ထုတ်သင့်သလား

ဗိုလ်ချုပ်အောင်ဆန်း
Image caption ဗိုလ်ချုပ်အောင်ဆန်း

မြန်မာ ကျပ်ငွေ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနဲ့ ပြန်လည်ပုံနှိပ် ထုတ်ဝေရေး အဆို တရပ်ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် အဆို ရှုံးနိမ့်သွားကြောင်း သိရပါတယ်။

ဒီတော့ ခေတ်အဆက်ဆက် ရှိခဲ့ဘူးတဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေ ပြန်ထုတ်ဖို့ သောတရှင်တွေ ဘယ်လို ထင်မြင်ယူဆပါသလဲ။

အခုချိန်မှာ ပြန်လည် ထုတ်ဝေဖို့ လိုအပ်တယ်လို့ ထင်ပါသလား။

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမယ့် စက်တင်ဘာလ ၂၁ရက်လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါ၀င်ဆွေးနွေး ကြဖို့ဖိတ်ခေါ် လိုက်ရပါတယ်။

ပါဝင်ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကိုဖြစ်စေ၊ burmese@bbc.co.uk ကိုဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။