သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး

ရွှေတိဂုံ စေတီတော်အား ဆီမီး ပူဇော်နေစဉ်
Image caption ရွှေတိဂုံ စေတီတော်အား ဆီမီး ပူဇော်နေစဉ်

အောက်တိုဘာလ ၁၉ရက်နေ့ သီတင်းကျွတ် လပြည့်နေ့ ဟာ မိဘဘိုးဘွား ဆရာသမား တွေကို ဂါရဝ ပြုကြတဲ့ ထူးမြတ်တဲ့ အခါသမယ ဖြစ်ပါတယ်။

ဒီတော့ လူကြီးမိဘ သက်ကြီးရွယ်အိုတွေကို အခုလို အချိန်မျိုး သာမဟုတ်ဘဲ သူတို့ဘဝ သာယာရေး အတွက် မြန်မာ့ လူ့အဖွဲ့အစည်းက ဘယ်လိုကူညီ စောင့်ရှောက်သင့်ပါသလဲ။

သောတရှင်တွေရဲ့ အမြင်အတွေးတွေကို လာမယ့် အောက်တိုဘာလ ၁၉ရက် စနေနေ့ည လွတ်လပ် အတွေးဆွေးနွေး ဖလှယ် အစီအစဉ်ကနေပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။