သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယား ကွက်မျက်မှု နောက်ကွယ်က....

Image caption ကွက်မျက်ခံရတဲ့ ဂျန်ဆွန်ထက်

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင် Kim Jong-un ရဲ့ ဦးလေး၊ နိုင်ငံမှာ ဒုတိယအာဏာအရှိဆုံး Chang Song-thaek ကို ကွက်မျက်ခဲ့ပြီးတဲ့နောက် မြောက်ကိုးရီးယားနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုပြီး များပြားလာနေပါတယ်။ ဒါဟာ မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ထိပ်တန်းအာဏာရှိသူတဦးကို လူသိရှင်ကြား ဖယ်ရှား ကွက်မျက်ခဲ့တာပါ။ ဒီတပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်မှာ ဂျန်ဆွန်ထက် ဘာကြောင့် ကွက်မျက်ခံရတာလဲ ဒီလို ကွက်မျက်ခဲ့တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ ဦးဘမော်က သုံးသပ်တင်ပြထားပါတယ်။