စစ်တပ်က အဓမ္မကျူးလွန်မှု စွပ်စွဲချက် လွတ်လပ်အတွေး

စစ်ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အစိုးရ စစ်တပ်က အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုနေတာကို အပစ်ပေး အရေးယူမှု မရှိဘူးလို့ ထိုင်းအခြေစိုက် မြန်မာအမျိုး သမီးအဖွဲ့ချုပ် WLB ကအစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အခု စွပ်စွဲချက်တွေအရ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်မှုတွေကို ဖေါ်ထုတ်အရေးယူဖို့ ဘာအခက်အခဲ တွေရှိပါသလဲ။

ဒီလိုပစ်မှုတွေကို အရေးယူဖို့ တောင်းဆိုသံတွေ သိပ်မကြားရတာ ဘာကြောင့်လို့ သောတရှင်တွေယူဆပါသလဲ။

သောတရှင်တွေရဲ့ အမြင်အတွေးတွေကို လာမယ့် ဇန္နဝါရီလ ၁၈ရက် စနေနေ့ ညလွတ်လပ်အတွေးဆွေးနွေးဖ လှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေburmese@bbc.co.ukကို အီးမေးနဲ့ ဆက်သွယ်နိုင်သလို တယ်လီဖုန်းနံပတ် ၀၀၄၄ ၂၀၃ ၆၁ ၄၄၀၆၄ ကို ဆက်သွယ်ပြီး အသံဖမ်းစက်ထဲမှာ ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ နိုင်ငံနဲ့ တယ်လီဖုန်းနံပတ်ကို အသံသွင်းထားခဲ့ရင် ဘီဘီစီ က ပြန်ခေါ်မှာ ဖြစ်ပါတယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။