တီဘီအဆုတ်ရောဂါ ဘယ်လိုနှိမ်နင်း ကာကွယ်မလဲ

ဓါတ်မှန်မှာပေါ်နေတဲ့ တီဘီ အဆုတ်ရောဂါ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဓါတ်မှန်မှာပေါ်နေတဲ့ တီဘီ အဆုတ်ရောဂါ

ကမ္ဘာပေါ်မှာ တီဘီ အဆုတ်ရောဂါ ဖြစ်ပွားမှုများနေတဲ့ နိုင်ငံ၂၂ နိုင်ငံ စာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ အခုအခါ ဆေးယဉ်ပါးတဲ့ တီဘီ ရောဂါမျိုးလည်း ဖြစ်ပွားနေတယ်လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ မကြာမီက ပြုလုပ်တဲ့ အဆုတ်နဲ့ရင်ခေါင်းဌာန ဟောပြောပွဲအရ သိရှိရပါတယ်။

ဒီတော့ ကူးစက်နိုင်တဲ့ တီဘီရောဂါကို မြို့ရောနယ်ပါ တနိုင်ငံလုံး တိုက်ဖျက်နိုင်အောင် ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ

ပြည်သူ လူထုကြားမှာ တီဘီရောဂါ တိုက်ဖျက်ရေးအပါအဝင် ကျန်းမာရေး ဗဟုသုတတွေ ဘယ်လောက်လိုအပ်နေသလဲ

သောတရှင်တွေရဲ့အတွေးအမြင်တွေကို လာမယ့် ဖေဖေါ်ဝါရီလ ၂၂ရက် စနေနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါဝင် ဆွေးနွေးချင်သူတွေ ဖုန်းနံပါတ် ၀၀၄၄၂၀၃၆၁၄၄၀၆၄ ကို ဖြစ်စေ၊ burmese@bbc.co.uk ကို ဖြစ်စေ ဆက်သွယ်ပြီး မိမိရဲ့ အမည်၊ ပြန်လည် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်နဲ့ ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ပြောခဲ့ရင် ဘီဘီစီက ပြန်ခေါ်ပေးပါမယ်။

bbcburmese facebook message box ကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။