drama_wingabar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝင်္ကပါ တထောင် စံနန်းတော် (ဇာတ်သိမ်းပိုင်း)

ဒုတိယပိုင်းမှာ တုန်းက အလုပ်ကြမ်း သမား အောင်သိုက်နဲ့ သတင်းထောက် စိုးမိုး၊ ကျောင်းသား ပိုင်သက်ဇော်နဲ့ အငြိမ့်သမ ချစ်စုလင်းတို့ ဥမင် ရာဇာကြီးရဲ့ မြေအောက် အချုပ်ခန်းမှာ အချုပ်ခံ နေရပြီး၊ အောင်သိုက်နဲ့ စိုးမိုးတို့က အချုပ်ခန်း ထောင့်က သံပြားမူလီကို ခွာထားပြီး ထွက်ပြေးဖို့ ပြင်နေချိန်မှာ အစောင့်တွေ ရောက်လာပြီး အဲဒီ သံပြားကြီးကို စစ်နေကြပါပြီ။ သူတို့အကြံ ပေါ်သွားတော့ မှာပါလား။

ကိုသိန်းမြတ်ရဲ့ ဇာတ်လမ်းကို ကိုမင်းထက်နဲ့ ကိုသိန်းမြတ်တို့ စီစဉ် တင်ဆက်ထားတဲ့ ဝင်္ကပါ တထောင် စံနန်းတော် အသံလွှင့် ပြဇာတ် ဇာတ်သိမ်းပိုင်းကို နားဆင်နိုင်ကြပါပြီ။

ဒီဇာတ်လမ်းမှာ အောင်သိုက် အဖြစ် ကိုရန်ရှင်းဦး၊ စိုးမိုးအဖြစ် ကိုဗညားစစ်မင်း၊ ပိုင်သက်ဇော် အဖြစ် ကိုဇေယျာအောင်၊ ချစ်စုလင်း အဖြစ် မချစ်စု၊ ဥမင်ရာဇာ အဖြစ် ကိုကျော်စွာ၊ အမာခံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဖြစ် ကိုရင်မောင်၊ အချုပ်ခန်း အစောင့်တွေ အဖြစ် ကိုမင်းထက်၊ ကိုသက်ထွေးနိုင် နဲ့ ကိုဘိုဘို တို့က ပါဝင် သရုပ်ဆောင် ပေးထားပါတယ်။