ဖီဖာ အကောင်းဆုံး ဘောလုံးသမားဆု စီရော်နယ်ဒို ဆွတ်ခူး

ရော်နယ်ဒို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ရီးရဲ အသင်းက ကစားသမား Cristiano Ronaldo နဲ့ နည်းပြ Zinedine Zidane တို့ ဆုလက်ခံ ယူနေပုံ

၂၀၁၇ ခုနှစ်အတွက် ဖီဖာအကောင်းဆုံး ဘောလုံးသမား ဆုကို ပေါ်တူဂီ နိုင်ငံသား ခရစ်စတီယာနိုရော်နယ်ဒို က နှစ်နှစ် ဆက်တိုက် ဆွတ်ခူး ရရှိသွားပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ ရာသီအတွင်း ပွဲစဉ်၄၈ ပွဲကစားခဲ့ရာမှာ လက်ရွေးစဉ်အသင်းနဲ့ကလပ် အသင်းအတွက်စုစုပေါင်း ၄၄ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ ရော်နယ်ဒိုဟာ ရီးယဲ ပရိတ်သတ် ၊ သူ့ကစားဖော် အသင်းသားတွေအပြင် နည်းပြနဲ့ အသင်းဥက္ကဌ တို့ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဖီဖာ ရဲ့ အမျိုးသမီး အကောင်းဆုံး ဘောလုံးသမား ဆုကိုတော့ဘာစီလိုနား အသင်းက ဟော်လန်သူ Lieke Martens က ရသွားပါတယ်။

ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုတော့ အာဆင်နယ် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အိုလီဗီယာ ဂျီရူး ရဲ့ သွင်းဂိုးက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။