ကမ္ဘာ့ဖလား အုပ်စု သုံးသပ်ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု A နဲ့ B သုံးသပ်ချက်

ဖီဖာ ကမ္ဘာ့ဖလား အုပ်စု အဆင့်ပွဲစဉ်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က ရုရှားနိုင်ငံမှာ ရေးဆွဲခဲ့ပါတယ်။ အဲ့ဒီထဲမှာ ထိပ်သီး အသင်းကြီးတွေ ထိပ်တိုက် ဆုံတွေ့ခဲ့ကြတဲ့ ပွဲတွေ ပါဝင်သလို တစ်ချို့ အသင်းတွေလည်း ကံကောင်းစွာနဲ့ အုပ်စု ချောင်ခဲ့ကြပါတယ်။ ဒီတစ် ပတ်မှာ အုပ်စု A နဲ့ အုပ်စု B ပွဲစဉ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့ ဖလား အုပ်စုပွဲတွေထဲက နောက်တစ်ဆင့် တက်နိုင်မယ့် အသင်းတွေနဲ့ အုပ်စု အလား အလာတွေကို သုံးသပ်ပေးထားပါတယ်။

အုပ်စု A - ရုရှား၊ အီဂျစ်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျ

အုပ်စု B - ပေါ်တူဂီ၊ စပိန်၊ အီရန်၊ မော်ရိုကို

အုပ်စု C - ပြင်သစ်၊ ပီရူး၊ ဒိန်းမတ်၊ သြစတြေးလျ

အုပ်စု D - အာဂျင်တီးနား၊ ခရိုအေးရှား၊ အိုက်စလန်၊ နိုက်ဂျီရီးယား၊

အုပ်စု E - ဘရာဇီးလ်၊ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား

အုပ်စု F - ဂျာမနီ၊ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယား

အုပ်စု G - ဘယ်ဂျီယံ၊ အင်္ဂလန်၊ တူနီးရှား၊ ပနားမား

အုပ်စု H - ပိုလန်၊ ကိုလံဘီယာ၊ ဆီနီဂေါ၊ ဂျပန်

အုပ်စု A ပွဲစဉ်များ

ရုရှား - ဆော်ဒီအာရေဗျ (ဇွန်လ ၁၄ - ည ၉း၃၀)

အီဂျစ် - ဥရုဂွေး (ဇွန်လ ၁၅ - ညနေ ၆း၃၀)

ရုရှား - အီဂျစ် (ဇွန်လ ၂၀ - နံနက် ၁၂း၃၀)

ဥရုဂွေး - ဆော်ဒီအာရေဗျ (ဇွန်လ ၂၀ - ည ၉း၃၀)

ဆော်ဒီအာရေဗျ - အီဂျစ် (ဇွန်လ ၂၅ - ည ၈း၃၀)

ဥရုဂွေး - ရုရှား ဇွန်လ (ဇွန်လ ၂၅ - ည ၈း၃၀)

အုပ်စု B ပွဲစဉ်များ

မော်ရိုကို - အီရန် (ဇွန်လ ၁၅ - ည ၉း၃၀)

ပေါ်တူဂီ - စပိန် (ဇွန်လ ၁၆ - နံနက် ၁၂း၃၀)

ပေါ်တူဂီ - မော်ရိုကို (ဇွန်လ ၂၀ - ညနေ ၆း၃၀)

အီရန် - စပိန် (ဇွန်လ ၂၁ -နံနက် ၁၂း၃၀)

အီရန် - ပေါ်တူဂီ (ဇွန်လ ၂၆ - နံနက် ၁၂း၃၀)

စပိန် - မော်ရိုကို ဇွန်လ (ဇွန်လ ၂၆ - နံနက် ၁၂း၃၀)

( မြန်မာစံတော်ချိန်တွေ ဖြစ်ပါတယ်။)