နှစ် ၄၀ အတွင်း ပထမဆုံး အီရတ်နိုင်ငံမှာ ဆော်ဒီနဲ့ ဘောလုံးကန်မယ်

Image caption အီရတ်က နိုင်ငံတကာပွဲစဉ်တွေကို ကြားကွင်းမှာပဲ ကျင်းပခဲ့ရပါတယ်။

နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အီရတ်နဲ့ ဆော်ဒီအသင်းတို့ အီရတ်နိုင်ငံမှာ ဘောလုံး ကစားကြမှာ ဖြစ်ပါတယ်။

အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန်က ကူဝိတ်နိုင်ငံကို ကျူးကျော်ခဲ့တာကြောင့် ၁၉၉၀ ခုနှစ် ကတည်းက အီရတ်မှာ ဘောလုံးပွဲတွေကျင်းပဖို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပိတ်ပင်ထားခဲ့ပါတယ်။

ဒါကြောင့် အီရတ်က နိုင်ငံတကာပွဲစဉ်တွေကို ကြားကွင်းမှာပဲ ကျင်းပခဲ့ရပါတယ်။

ခုတော့ ဆော်ဒီအသင်းနဲ့ ကစားပြီး အီရတ် နိုင်ငံမှာ ဘောလုံးပွဲတွေ ကျင်းပခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘောလုံးပွဲကို ပရိသတ် ၆၀ ၀၀၀ ဆန့်တဲ့ Basra ဘောလုံးကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အီရတ်မှာ နိုင်ငံတကာ ဘောလုံးပွဲတွေ ကျင်းပခွင့်ပြုဖို့ကို လာမယ့် မတ်လမှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ