ရီယဲလ် ကနေ နည်းပြ ဇီဒန်း ထွက်ပြီ

ဓာတ်ပုံ မူပိုင် DANIEL DAL ZENNARO - PETER POWELL - JAVIER LIZON
Image caption ချိန်ပီယံ လိဂ် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ အောင် နည်းပြ အဖြစ် ကိုင်ခဲ့

ရီယဲလ် အသင်း နည်းပြ ဖြစ်တဲ့ ဇီဒန်း က ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ရီယဲလ် မက်ဒရစ် အသင်း ကနေ ထွက်ပြီလို့ ကြေညာ လိုက်ပါတယ်။

ဇီဒန်းဟာ ရီယဲလ် ကို ချိန်ပီယံ လိဂ် သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ အောင် နည်းပြ အဖြစ် ကိုင်ခဲ့သူ ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ ဇီဒန်းက ရီယဲလ် အသင်း ကို သူချစ်ကြောင်း၊ ဒါပေမဲ့လည်း အခု အချိန်မှာတော့ ရီယဲလ်ဟာ ကွဲပြားခြားနားတဲ့ ပုံစံမျိုး လိုအပ်နေပြီလို့ ဆိုပါတယ်။

ဥရောပ ချန်ပီယံလိဂ် ဖလား ရီးရဲလ် ၂ နှစ်ဆက် ရယူ

ဓာတ်ပုံ မူပိုင် JAVIER SORIANO
Image caption ဘောလုံးတခေတ်ထူထောင်ခဲ့တဲ့ ဇီဒန်း

၂ဝ၁၆ ခုနှစ်မှာ ရီယဲလ် အတွက် နည်းပြ အဖြစ် ကိုင်ခဲ့တဲ့ ဇီဒန်းဟာ သူ့ လက်ထက်မှာ ဆုဖလား ၉ ခု တိတိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ဂိုးသမားရဲ့ လက်ဆောင်ဂိုးနဲ့ ဘေးလ်ရဲ့ ဘိုင်စကယ်ကစ်တို့ကြောင့် ရီးယဲ ဗိုလ်စွဲ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက သူ့အနေနဲ့ ရီယဲလ် အတွက် ဘာမှ ထပ်ပြီး လုပ်မပေး နိုင်ရင် ထွက်မှာ ဖြစ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂ဝ၁၇-၁၈ လာလီဂါ ဖလားမှာ ရီယဲလ်က ချန်ပီယံ ပြိုင်ဘက် ဘာစီလိုးနားနောက်က ၁၇ မှတ်နဲ့ တတိယ နေရာကပဲ ကျေနပ်ခဲ့ရပါတယ်။

ကော်ပါ ဒယ်ရေးပွဲမှာတော့ ကွာတားဖိုင်နယ်မှာ အထုတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ရီယဲလ် ချိန်ပီယံ လိဂ်မှာ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲပြီး ရက်ပိုင်းအတွင်း ဒီလို ကြေညာခဲ့လို့ လူတွေ အံ့အားတသင့် ဖြစ်သွားခဲ့ပါတယ်။

အခု ရီယဲလ် အတွက် ၅ နှစ်အတွင်း စတုတ္ထမြောက် မန်နေဂျာအသစ်ကို ရှာရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PIERRE-PHILIPPE MARCOU
Image caption ဇီဒန်းနဲ့ ရီယဲလ်အဖွဲ့သားတွေ

တော်တင်ဟမ် စပါးအသင်းက မောရီစီယို ပိုချက်တီနိုကလည်း ရီယဲလ်နဲ့ အရင်က ပတ်သက်ခဲ့ဖူးပါတယ်။ သူက စပါးနဲ့ အရင်ပတ်ကမှ ၅ နှစ် သက်တမ်း ထပ်တိုးခဲ့တာပါ။

ယူဗန်းတပ်စ်က မန်နေဂျာ မက်ဆီမီလီယာနို အယ်လာဂရီကိုလည်း စဉ်းစားနိုင်သလို အာဆင်နယ်မှာ ၂၂ နှစ်လုပ်ပြီး ထွက်လာတဲ့ အာဆင်ဝင်းဂါးကလည်း မန်နေဂျာပဲ ဆက်လုပ်ချင်သူ ဖြစ်ပါတယ်။

ဘယ်သူ မန်နေဂျာ အသစ် ဖြစ်လာမလဲ ဆိုတာတော့ ရီယဲလ် ကလပ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပဲရက်ဇ်က ဆုံးဖြတ်ရမှာပါ။

သူကတော့ ဇီဒန်းကို ဆက်ထားချင်ကြောင်း၊ ထွက်မယ်လည်း မျှော်လင့်မထားဘဲ ဇီဒန်းက တရက်အလိုမှ ကပ်ပြောတာလို့ ပဲရက်ဇ်က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ