ကမ္ဘာ့ဖလားပြိုင်ပွဲတလျောက်က ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တွေ

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ပွဲတော်ကြီးကို ဇွန်လ ၁၄ ရက်နေ့မှာ စတင်လိုက်ပါပြီ။ အစဉ် အဆက် ကျင်းပခဲ့တဲ့ ဘောလုံးပွဲတော် တွေမှာ အမြဲတမ်း ရင်ခုန် စိတ်လှုပ်ရှား စရာတွေနဲ့ ပြည့်နှက် နေခဲ့သလို အမှတ်တရ အဖြစ် အပျက်တွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲ ကို အရုပ်ဆိုး အကျည်းတန် စေတဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက်တွေလည်း ရှိပါတယ်။

ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ်အပျက် တွေအကြောင်း ကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Saipan ကျွန်း က လေ့ကျင့် ရေး ကွင်းမှာ ပြည့်စုံ လုံလောက်မှု မရှိတဲ့ အခြေအနေ တွေကို သဘောကျ နှစ်သက်ခြင်း မရှိ

(၁) ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား လေ့ကျင့်ရေး ကွင်းကနေ ရွိုင်းကိန်း ထွက်သွားတဲ့ အဖြစ်အပျက် က ဆိုးဆိုးရွားရွား အဖြစ်အပျက် တစ်ခု အဖြစ် မှတ်တမ်း ဝင်ခဲ့ ပါတယ်။

အိုင်ယာလန် အသင်းဟာ ၉၈ ကမ္ဘာ့ဖလား ကို ခြေစစ်ပွဲ မအောင် ခဲ့ပေမယ့် ၂၀၀၂ ခုနှစ် ကိုရီးယား၊ ဂျပန် ပူးတွဲ အိမ်ရှင်လုပ်တဲ့ နှစ်မှာတော့ ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဟာ Saipan ကျွန်း က လေ့ကျင့် ရေး ကွင်းမှာ ပြည့်စုံ လုံလောက်မှု မရှိတဲ့ အခြေအနေ တွေကို သဘောကျ နှစ်သက်ခြင်း မရှိပါဘူး။

လေ့ကျင့်ရေး ပစ္စည်း ကိရိယာ တွေ ဖြည့်ဆည်းပေးဖို့ တောင်းဆို ခဲ့ပေမယ့် တပတ်လောက် နောက်ကျပြီးမှ ရောက်လာတဲ့ အခါမှာ နည်းပြဖြစ်သူ မစ် မက်ကာသီ နဲ့ စကားများပြီး အသင်းကနေ နုတ်ထွက် သွားခဲ့တာဖြစ်ပါတယ်။

ရွိုင်းကိန်း က အဲဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းမှာ မပါဝင် ခဲ့ပေမယ့် အိုင်ယာလန် အသင်းကတော့ နောက်ဆုံး ၁၆ သင်း အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲမှာ စပိန် ကို ပင်နယ်တီ နဲ့ ရှုံးလို့ ပြိုင်ပွဲ ကနေ လက်ပြ နှုတ်ဆက် ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပီရူးဂျီးယား အသင်းမှာ ကစား နေတဲ့ တောင်ကိုရီးယား ကစားသမား အန်ဂျုံ ဟွမ်း ဟာ အသင်းကနေ ထုတ်ပယ် ခံခဲ့ရ

(၂) ၂၀၀၂ ကမ္ဘာ့ဖလား က တောင်ကိုရီးယား တို့ အတွက် ရွှေရောင် ကာလ တို့ တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။ ကွာတားဖိုင်နယ် မှာ အီတလီ ကို အချိန်ပို ရွှေဂိုး နဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲ အဆင့် ကို တက်ရောက် နိုင်ခဲ့တာပါ။

ပြိုင်ပွဲ အတွင်း မှာ အီတလီ တို့ သွင်းယူတဲ့ ချေပဂိုး ကို အီကွေဒေါ ဒိုင်လူကြီး က ဂိုးပေးဖို့ ငြင်းဆန် ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသွင်းယူတဲ့ ဖရန်ချက်စကို တော့တီ ကိုလည်း ဒိုင်ဗင်ပစ် တယ်ဆိုပြီး အနီကတ်နဲ့ ဒိုင်က ထုတ်ပယ် ခဲ့ပါတယ်။

အဲဒီ အဖြစ်အပျက်ကြောင့် စီးရီးအေ ပီရူးဂျီးယား အသင်းမှာ ကစား နေတဲ့ တောင်ကိုရီးယား ကစားသမား အန်ဂျုံ ဟွမ်း ဟာ အသင်းကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။

တောင်ကိုရီးယားအသင်းရဲ့ နည်းပြ ဂုစ် ဟစ်ဒင့် က ပီရူးဂျီယား အသင်းရဲ့ လုပ်ရပ် က ကလေးကလား ဆန်လွန်း တယ်လို့ ဝေဖန် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ပြီး အုပ်စု နောက်ဆုံး အဆင့် နဲ့ ပြင်သစ် တို့ အိမ်ပြန် ခဲ့ရ

(၃)၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွင်း အသင်းခေါင်းဆောင် ပက်ထရစ် အီဗရာ ဦးဆောင်တဲ့ ပြင်သစ် ကစားသမား တွေရဲ့ ဆန္ဒပြမှု က လူပြောသူပြောများပြီး ဝေဖန်မှုတွေ မြင့်တက် ခဲ့တဲ့ အဖြစ် အပျက် တစ်ခုပါ။

မက္ကဆီကို နဲ့ အုပ်စု ပွဲစဉ် အတွင်း ခြေစွမ်းမပြ နိုင်တဲ့ တိုက်စစ်မှူး အဲနက်ကာ ကို နည်းပြ ဖြစ်သူ ဒိုမီနက် က လူစား လဲလှယ် လိုက်တဲ့ အတွက် အသင်းသား တွေ က မကျေမနပ် ဖြစ်ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ အဲနက်ကာ ဟာ အဝတ်အစားလဲခန်း အသွားမှာ နည်းပြ ဖြစ်သူ နဲ့ အခြေအတင် ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေက ဒီ အဖြစ်အပျက် အပေါ်မှာ စိတ်ခံစားမှု ဖြစ်ခဲ့ကြပြီး လေ့ကျင့်ခန်း လုပ်ဖို့ ငြင်းဆန် ခဲ့ကြပါတယ်။

အုပ်စု နောက်ဆုံးပွဲစဉ် ကစားခဲ့တဲ့ အခါမှာလည်း တောင်အာဖရိက အသင်း ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ပြီး အုပ်စု နောက်ဆုံး အဆင့် နဲ့ ပြင်သစ် တို့ အိမ်ပြန် ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၁ နှစ် အရွယ် အင်တာမီလန် ကစားသမား ကလည်း လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

(၄) ၁၉၉၈ ခုနှစ် ပြင်သစ် ကမ္ဘာ့ ဖလား တုန်း က ရော်နယ်ဒို ရဲ့ အဖြစ်အပျက် က လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

အဲဒီ အချိန်တုန်း က ဘရာဇီး အသင်းဟာ ကမ္ဘာ့ဖလား ကို ငါးကြိမ်မြောက် ဆွတ်ခူး နိုင်ဖို့ အသေအချာ ပြင်ဆင် လာခဲ့တာပါ။

၂၁ နှစ် အရွယ် အင်တာမီလန် ကစားသမား ကလည်း လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အချိန်ဖြစ်ပြီး ကမ္ဘာ့ ပြောင်းရွေ့ကြေး အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်နေခဲ့ချိန် ဖြစ်ပါတယ်။

ပွဲစဉ် တစ်လျောက်မှာလည်း သူက ၄ ဂိုး အထိ သွင်းယူ ပေးခဲ့ ပြီး ဘရာဇီး အသင်း ကို ဖိုင်နယ် အဆင့်ထိ ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်နယ် ကစားမယ့် အချိန်မှာ ပဏာမ ပွဲထွက်လူစာရင်း ကနေချန်လှပ် ခံခဲ့ရပါတယ်။

တကယ်တန်း ပွဲကစားမယ့် လူစာရင်း ထွက်လာတော့ သူ့ရဲ့ နာမည် က ပြန်ပါ လာပါတယ်။ ဒါပေမယ့် ကောင်းကောင်း ခြေစွမ်း မပြ နိုင်ခဲ့ဘဲ ပြင်သစ် အသင်း ကို ၃ ဂိုး ဂိုးမရှိနဲ့ မရှုမလှ အရှုံးပေးခဲ့ရပြီး ကမ္ဘာ့ ဖလား ကိုလည်း လက်လွှတ် ခဲ့ရပါတယ်။

အဲဒီနေ့က နေ့လယ်စာ စားပြီးချိန်မှာ အကြောဆွဲ တဲ့ ဝေဒနာ ကို ခံစား ခဲ့ရပြီး ၃ မိနစ်၊ ၄ မိနစ်လောက် သတိလစ် သွားခဲ့တယ်လို့ ရော်နယ်ဒို က နောက်ပိုင်း မှာ ပြန်ပြောပြပါတယ်။ ဒါက ဖိုင်နယ်ကစားမယ့် အချိန်မှာ စိတ်လှုပ်ရှား နေတာ လား၊ ဖိအားတွေ ဖြစ်နေခဲ့တာလားဆိုတာ မသိဘူးလို့ ပြောပါတယ်။ သူ နေမကောင်းဖြစ်နေတဲ့အချိန်မှာ သူ့ကို ဝင်ကစားစေခဲ့တဲ့ ဘရာဇီး ဘောလုံး အဖွဲ့ချုပ် ဟာလည်း ပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

တချိန် က ခြေစွမ်း တွေ ပြန်ရပြီး မာရာဒိုနာ ပြန်လာပြီလို့ တောင် ပရိသတ် တွေက ယူဆ ခဲ့

(၅) အဆိုးရွားဆုံး အဖြစ်အပျက် လို့တောင် ဆိုနိုင်ပါတယ်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ ဖလားမှာ တားမြစ် ဆေးဝါး သုံးစွဲ ခဲ့လို့ လူတွေက ရူးသွပ်တဲ့ မာရာဒိုနာ လို့တောင် ခေါ်ခဲ့ကြတာပါ။

အုပ်စု ပွဲစဉ်တွေ အတွင်း ဂရိ နဲ့ ပွဲစဉ်မှာ ဂိုး သွင်း နိုင်ခဲ့တဲ့ သူ့ကို တချိန် က ခြေစွမ်း တွေ ပြန်ရပြီး မာရာဒိုနာ ပြန်လာပြီလို့ တောင် ပရိသတ် တွေက ယူဆ ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ဂျီးရီးယား နဲ့ ပွဲ စဉ်မှာ ရှောင်တခင် ဆေး စစ်ဆေးခဲ့ရာမှာတော့ တားမြစ်ဆေး သုံးစွဲ ထားတာ ကို စစ်ဆေး တွေ့ရှိခဲ့ရပြီး အိမ်ပြန် ပို့ ခံခဲ့ရတဲ့ အပြင် ၁၅ လ ပွဲပယ် ပြစ်ဒဏ် လည်း ချမှတ် ခံခဲ့ရပါတယ်။

ဒီ အဖြစ်အပျက် က သူ့ ရဲ့ ဘောလုံး သမား ဘဝ ကို အဆုံးသတ် စေခဲ့တယ်လို့ မာရာဒိုနာ က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဆွာရက်ဇ် ကို လေးလ တိတိ ဘောလုံး ကစားခွင့် ပိတ်ပင် ခဲ့

(၆) ၂၀၁၀ ကမ္ဘာ့ ဖလား မှာ ဆွာရက်ဇ် က အီတလီ ကစားသမား ခီယာလီနီ ကို ကိုက် လိုက်တဲ့ ဖြစ်ရပ် က ဟိုးလေး တကြော်နဲ့ ဘောလုံး လောက ကို အုတ်အော် သောင်းနင်း ဖြစ်စေ ခဲ့တဲ့ ဖြစ်ရပ်ပါ။

အီတလီတို့ အနေနဲ့ အုပ်စု ပြိုင်ပွဲ အတွင်း ကော့စတာရီကာ ကို အံ့အား သင့်ဖွယ် ရှုံးနိမ့် ခဲ့ပြီးတဲ့နောက် မှာ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ဥရုဂွေး ကို အနိုင်ရဖို့ လိုအပ် နေခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ရှစ်ဆယ် လောက် အရောက်မှာ အီတလီ ခံစစ်စည်းထဲ က နောက်ခံလူ ခီယာလီနီ နဲ့ ဥရုဂွေး တိုက်စစ်မှူး တို့ လဲကျ သွားခဲ့ပြီး ဆွာရက်ဇ် က သူ့ကို ကိုက်ခဲ့တယ်လို့ အင်္ကျီကို လှန်ပြီး ခီယာလီနီ က ပြပါတယ်။

ဒါပေမယ့် ဒိုင်က ပွဲစဉ် အတွင်း က ဒီအဖြစ်အပျက်ကို တစုံတရာ အရေး ယူခြင်း မရှိခဲ့ပါဘူး။ ခီယာလီနီ က တံတောင်နဲ့ တွက်လို့ လဲကျ သွားရတာ ပါလို့ နောက်ပိုင်းမှာ ဆွာရက်ဇ် က ဆိုပါတယ်။ ဒါပေမယ့် ဆွာရက်ဇ် ပြောဆိုမှုကို ဖီဖာ စည်းကမ်း ထိန်သိမ်းရေး ကော်မတီ က လက်မခံပါဘူး။

ဗီဒီယို အနှေးပြကွက် တွေ ပြန်ကြည့်ပြီး အရင်တုန်း ကလည်း တခြား ကစား သမားတွေကို နှစ်ကြိမ် တိတိ ကိုက်ခဲ့ဖူး တဲ့ ဆွာရက်ဇ် ကို လေးလ တိတိ ဘောလုံး ကစားခွင့် ပိတ်ပင် ခဲ့ပါတယ်။ ဒါက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တွေရဲ့ အရှက်ရဖွယ် ကိစ္စ တစ်ခု လို့ လူတွေက ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ရင်ဘတ် ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ အတွက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရ

(၇) ၂၀၀၆ ခုနှစ် ကမ္ဘာ့ ဖလား က ပြင်သစ် တို့ အတွက် အရှက်ရစရာ ကိစ္စ တစ်ခု ဖြစ်ပေါ် ခဲ့ပါတယ်။

၁၉၉၈ ခုနှစ် ကမ္ဘာ့ ချန်ပီယံ၊ ၂၀၀၀ ခုနှစ် ဥရောပ ချန်ပီယံ တို့ ဟာ ၂၀၀၆ ခုနှစ်မှာလည်း နောက်ဆုံး ဖိုင်နယ် ပွဲ ကို တက်ရောက် နိုင်ခဲ့ပါတယ်။ ဂျာမနီမှာ ကျင်းပတဲ့ ဖိုင်နယ် ပွဲမှာလည်း ပြင်သစ် တို့ ဟာ အီတလီ ကို ကျော်လွန်ပြီး ဗိုလ်စွဲဖို့ ရေပန်းစား ခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ ဇီဒန်း က ပင်နယ်တီ ကနေ ဦးဆောင်ဂိုး သွင်းပြီး ပွဲ ကို ဦးဆောင် ခဲ့ပေမယ့် ၁၂ မိနစ်မှာ အဲဗာတန် အသင်း နောက်ခံလူဟောင်း မာကို မာတာရာဇီ က ခေါင်းတိုက် ချေပဂိုး သွင်းခဲ့လို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။

ပွဲက အချိန်ပို အထိ ရောက်ခဲ့ပြီး မိနစ် ၁၁၀ မှာတော့ ဇီဒန်း ဟာ မာတာရာဇီ ရဲ့ ရင်ဘတ် ကို ခေါင်းနဲ့ တိုက်ခဲ့တဲ့ အတွက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ်။ အစပိုင်း မှာ ကွင်းလယ် ဒိုင်လူကြီး က ဒီအဖြစ် အပျက် တွေကို မမြင် ခဲ့ပေမယ့် စတုတ္ထ ဒိုင်က အကြောင်း ကြား ခဲ့လို့ ပြစ်ဒဏ် ပေးခဲ့တာပါ။

မာတာရာဇီ က သူ့ ရဲ့အမေနဲ့ ညီမ ကို စော်ကား ပြောဆို ခဲ့တဲ့ အတွက် ခေါင်းနဲ့ တိုက်ခဲ့ တာလို့ ဇီဒန်း က နောက်ပိုင်းမှာ ပြန်ပြောင်း ဝန်ခံခဲ့ပါတယ်။