ကမ္ဘာ့ဖလား အဖွင့်ပွဲ မျက်နှာပန်းလှတဲ့ အိမ်ရှင် ရုရှား

FIFA

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အဖွင့်ပွဲ မျက်နှာပန်း လှတဲ့ အိမ်ရှင် ရုရှား

ဇွန်လ ၁၄ ရက်နေ့ ဒီကနေ့မှာ စတင်တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ ဖလား အဖွင့်ပွဲစဉ်မှာတော့ အိမ်ရှင် ရုရှား အသင်းဟာ ဆော်ဒီအာရေဗျ အသင်း ကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွား ခဲ့ပါတယ်။

ရုရှ အသင်းအတွက် ဂိုးတွေကို Gazinskiy (၁၂ မိနစ်), Cheryshev (၄၃ မိနစ်), Dzyuba (၇၁ မိနစ်)၊ ပွဲပြီးဆုံးကာနီး မိနစ် ၉၀ မှာ Cherychev က နောက်ထပ် တစ်ဂိုး သွင်းယူ ပေးခဲ့ပြီး နာကျင် အချိန်ပိုမှာ Golovin က သွင်းယူ ပေးခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အုပ်စု အေ မှာ သုံးမှတ် နဲ့ ရုရှားတို့ ဉီးဆောင်နေ

ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်တွေမှာ အိမ်ရှင် အသင်းတွေ ရလဒ် ကောင်းလေ့ မရှိဘူး ဆိုတဲ့ အစဉ်အလာ ကို အိမ်ရှင် ရုရှား တို့ က ချေဖျက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မနက်ဖန်မှာ အီဂျစ်နဲ့ ဥရုဂွေး၊ စပိန် နဲ့ ပေါ်တူဂီတို့ အပြင် မော်ရိုကို နဲ့ အီရန် တို့ ရဲ့ ပွဲစဉ်တွေ ကစားကြမှာ ဖြစ်ပါတယ်။