ကမ္ဘာ့ဖလား အောင်ပွဲခံပွဲ ပဲရစ်မှာလှည့်လည်မယ်

Image caption အိုင်ဖယ်မျှောင်စင် နောက်ခံနဲ့ ပါရီသားတွေ အောင်ပွဲခံ

ပြင်သစ်အသင်း ကမ္ဘာ့ဖလား ဆွတ်ခူး နိုင်ခဲ့တာကို အောင်ပွဲခံ လှည့်လည်ဖို့ ပဲရစ်မြို့တော်ရဲ့ လမ်းတွေမှာ လူတွေ သောင်းနဲ့ချီ စုဝေး နေပါတယ်။

ပဲရစ်ရဲ့ မြေအောက် ဘူတာရုံ မက်ထရို စတေရှင်တွေကို ဘောလုံး အသင်းသားတွေရဲ့ နာမည် ယာယီပြောင်းပြီး ဂုဏ်ပြုထားပါတယ်။

Image caption အနှစ် ၂ဝ မှာ ကမ္ဘာ့ဖလား နှစ်ကြိမ်
Image caption ကမ္ဘာ့ချန်ပီယံဖြစ်လို့ ဂုဏ်ယူနေတဲ့ ပြင်သစ် လှပျိုဖြူ

ဗစ်တာဟျုးဂိုး ဘူတာရုံလည်း အခုဆို အသင်းကပ္ပတိန် လော်ရီးစ်ကို ဂုဏ်ပြုပြီး ဗစ်တာဟျုးဂိုလော်ရီးစ်လို့ ခေါ်နေသလို၊ ရှောင်ဇေလီဇေး ဘူတာလည်း မန်နေဂျာ ဒီဒီယာ ဒေရွှမ့်ကို အစွဲပြုလို့ ဒေရွှမ့်အလီဇေးလို့ ခေါ်တွင်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပြင်သစ် ကမ္ဘာ့ချန်ပီယံ ထပ်ဖြစ်

ပြင်သစ်အသင်းကို ကပ္ပတိန် အနေနဲ့ ၉၈ တုန်းက ကမ္ဘာ့ဖလား အရယူပေခဲ့တဲ့ ဒေရွှမ့်ဟာ ၂၀၁၈ မှာတော့ မန်နေဂျာ အနေနဲ့ ကမ္ဘာ့ဖလား ဆွတ်ခူးပေးခဲ့ ပြန်ပါတယ်။

Image caption ကပ္ပတိန်အနေနဲ့ရော မန်နေဂျာ အဖြစ်နဲ့ပါ ကမ္ဘာ့ဖလား ယူပေးသူ

ပြင်သစ်အသင်းဟာ ချားစ်ဒီဂေါ လေဆိပ်ကို ရောက်လာတာနဲ့ ရှောင်ဇေလီဇေး လမ်းမကြီး အနောက်ဘက်အစွန်က နာမည်ကျော် အာ့ဒါထရီးရောင့် အောင်ပွဲ မုခ်ဦးကြီးဆီ သွားမှာ ဖြစ်ပြီး၊ အဲဒီကနေ ပဲရစ်လမ်းတွေပေါ် ကမ္ဘာ့ဖလားနဲ့ အတူ လှည့်လည်မှာ ဖြစ်ပါတယ်။

ဖိုင်နယ်ပွဲနိုင်တဲ့ တနင်္ဂနွေညတုန်းကတော့ ဖြစ်ခဲ့ ပဲရစ်မှာ လူတွေ အောင်ပွဲခံကြရာက ရဲနဲ့ လူအုပ်ကြား ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပြီး မြို့လယ် လမ်းဘေးက ဆိုင်ခန်းတွေ အလုခံရ၊ အဖျက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ