၂၃ ရက်အတွင်း အသင်းကြီး ၅ သင်းနဲ့ လီဗာပူးလ် ကစားရမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပွဲကျပ်တွေ ဆက်တိုက် ကစားရမယ့် လီဗာပူးလ်

ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ စက်တင်ဘာ နဲ့ အောက်တိုဘာလအတွင်းမှာ ပွဲကျပ်တွေကို စတင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ စနေနေ့က လက်စတာစီးတီးကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးပြိုင်ပွဲမှာ ၄ပွဲဆက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ စံချိန်တင်ကြေးနဲ့ ခေါ်ယူထားတဲ့ ဂိုးသမား အလီဆင် အမှားလုပ်ခဲ့ပေမယ့် မာနေ၊ ဖာမီနိုတို့ ဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့တာပါ။ ၁၉၉၀ခုနှစ်နောက်ပိုင်း အမှတ်ပေးပွဲရဲ့ အဖွင့် ၄ပွဲစလုံးနိုင်ခဲ့တဲ့ လီဗာပူးလ်တို့ အကောင်းဆုံး ရာသီအဖွင့်ကို ရနေပါတယ်။ ဒါပေမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလမှာတော့ လီဗာပူးလ်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးမယ့် ပွဲစဉ်တွေကတော့ စောင့်ကြိုနေပါတယ်။ လာမယ့် ၂၃ရက်အတွင်း လီဗာပူးလ်ဟာ စပါး၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ နာပိုလီတို့လို အသင်းတွေနဲ့ ၆ပွဲအထိ ကစားရမှာပါ။ ဆိုတော့ ဒီအနေအထားကို ယာဂမ်ကလော့ပ် ဘယ်လို ပြင်ဆင်မလဲ စိတ်ဝင်စားစရာပါ။ ဒီနှစ် အပြောင်းအရွှေ့ ရာသီအတွင်း လိုအပ်နေတဲ့ နေရာအတွေကို အားဖြည့်ထားတဲ့ လီဗာပူးလ်အတွက် ပွဲကျပ်ကာလတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ တုန့်ပြန်ကစားမလဲ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ဖလားပွဲတွေကို ဘယ်လို အာရုံစိုက်မလဲ လီဗာပူးလ် ပရိသတ်တွေက စိုးရိမ်နေပါတယ်။ ကလော့ပ်နဲ့ လီဗာပူးလ် ကစားသမားတွေ ဒီပွဲကျပ်ကာလကို ကျော်ဖြတ်နိုင်မလား။

ဓာတ်ပုံ မူပိုင် AFP
Image caption ယာဂမ်ကလော့ပ်နဲ့ မိုဆာလတို့ ဘယ်လို စွမ်းဆောင်နိုင်မလဲ

လီဗာပူးလ်ရဲ့ လာမယ့် (၇) ပွဲ

တော့တင်ဟမ်ဟော့စပါး ( အဝေးကွင်း) - ပရီးမီးယားလိဂ်

ပီအက်စ်ဂျီ ( အိမ်ကွင်း ) - ချန်ပီယံလိဂ်

ဆောက်သမ်တန် ( အိမ်ကွင်း ) - ပရီးမီးယားလိဂ်

ချယ်လ်ဆီး ( အိမ်ကွင်း ) - လိဂ်ဖလား

ချယ်လ်ဆီး ( အဝေးကွင်း ) - ပရီးမီးယားလိဂ်

နာပိုလီ ( အဝေးကွင်း ) - ချန်ပီယံလိဂ်

မန်စီးတီး ( အိမ်ကွင်း ) - ပရီးမီးယားလိဂ်

ဆက်စပ် အကြောင်းအရာများ