တောင်ကိုရီးယားနဲ့ ဂျပန် အသင်းဗိုလ်စွဲတဲ့ အာရှ အားကစားပြိုင်ပွဲ

ဓာတ်ပုံ မူပိုင် AP
Image caption အာရှအားကစား ပြိုင်ပွဲကို ၂ကြိမ်ဆက်နဲ့ ၅ကြိမ် ချန်ပီယံဖြစ်တဲ့ တောင်ကိုရီးယားအသင်း

အာရှ အားကစားပြိုင်ပွဲရဲ့ ဘောလုံးပြိုင်ပွဲတွေအပြီးမှာတော့ တောင်ကိုရီးယား အသင်းက အမျိုးသားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဂျပန်အသင်းက အမျိုးသမီးပြိုင်ပွဲမှာ ချန်ပီ ယံဖြစ်ခဲ့ပါတယ်။ ၁၉၅၁ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တဲ့ အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းက ၂ကြိမ် ချန်ပီယံဖြစ်ဖူးပြီး တောင်ကိုရီးယားအသင်းကတော့ အအောင်မြင် ဆုံး အသင်းပါ။ တောင်ကိုရီးအသင်းဟာ ၁၉၇၀၊ ၁၉၇၈၊ ၁၉၈၆၊ ၂၀၁၄နဲ့ ၂၀၁၈ တွေမှာ ချန်ပီယံဖြစ်ခဲ့လို့ ပြိုင်ပွဲသမိုင်းတစ်လျောက် အများဆုံးနဲ့ ၅ကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ အမျိုးသမီး ပြိုင်ပွဲမှာတော့ လက်ရှိ ဘောလုံးအင်းအားကြီး ဂျပန်က တရုတ်ကို နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွမ်ယောင်မင်

အမျိုးသား ပြိုင်ပွဲ

အမျိုးသားပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ၂၅သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အသက် ၂၃နှစ်အထက် ကစားသမား ၃ဦးကိုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ လက်ရှိချန်ပီယံ တောင်ကိုရီးယားအသင်းမှာ တော့တင်ဟမ်ဟော့စပါးက အဓိက ကစားသမား ဆွမ်ယောင်မင် ဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မြန်မာက တော့ အုပ်စုကျပ်အတွင်းမှာ ကစားခဲ့ရပေမယ့် အီရန်ကိုနိုင်၊ မြော်ကိုရီးယားကို သရေကစားပြီး ဆော်ဒီကို ဂိုးပြတ်ရှုံးလို့ ဂိုးကွာခြားချက်နဲ့ အုပ်စုက ထွက်ခဲ့ပါတယ်။ အာဆီယံအသင်းတွေထဲ ဗီယက်နမ်က ဆီးမီးဖိုင်နယ်အထိတက်ခဲ့ပြီး ချန်ပီယံဖြစ်မယ့် တောင်ကိုရီးယားကို ရှုံးခဲ့ပါတယ်။ ဖိုင်နယ်မှာ တောင်ကိုရီးယားက အိမ်နီးချင်းပြိုင်ဖက် ဂျပန်ကို အချိန်ပိုမှာ ၂-၁ဂိုးနဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ယူအေအီးအသင်းကတော့ ဗီယက်နမ်နဲ့ ၁ဂိုးစီသရေကျခဲ့ပြီး ပင်နယ်တီမှာနိုင်လို့ တတိယရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ၂ကြိမ်မြောက် ချန်ပီယံဖြစ်လာတဲ့ ဂျပန်အသင်း

အမျိုးသမီးပြိုင်ပွဲ

လက်ရွေးစင်အဆင့် အသင်းတွေပြိုင်ရတဲ့ အမျိုးသမီးပြိုင်ပွဲမှာတော့ ဂျပန်အသင်း က တရုတ်ကို ၁ဂိုးတည်းနဲ့ နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားကနေ သက်တမ်း အလိုက်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်က မိနစ် ၉၀အပြည့်မှာ အနိုင်ဂိုးသွင်းလို့ ချန်ပီယံဖြစ်ခဲ့တာပါ။ ဂျပန်အတွက် ၂၀၁၀ နောက်ပိုင်း ဒုတိယအကြိမ်ရခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာလုပွဲမှာတော့ တောင်ကိုရီးယားအသင်းက တရုတ်တိုင်ပေကို ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။

အမျိုးသားပြိုင်ပွဲ အောင်မြင်မှု

၁) တောင်ကိုရီးယား - ၅ကြိမ်

၂) အီရန် - ၄ကြိမ်

၃) အန္ဒိယ - ၂ကြိမ်

၄) မြန်မာ - ၂ကြိမ်

၅) တရုတ်တိုင်ပေ - ၂ကြိမ်

အမျိုးသီးပြိုင်ပွဲ အောင်မြင်မှု

၁) တရုတ် - ၃ကြိမ်

၂) မြောက်ကိုရီးယား - ၃ကြိမ်

၃) ဂျပန် - ၂ကြိမ်

ဆက်စပ် အကြောင်းအရာများ