ဆီမီယွန်နီရဲ့ သား အာဂျင်တီးနားအတွက် ကစားပြီး ဂိုးသွင်းခဲ့

alt

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အာဂျင်တီးနားအတွက် ပထမဆုံးပွဲမှာ ဂိုးသွင်းတဲ့ ဂျီယိုဗန်နီ ဆီမီယွန်နီ

အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ နည်းပြ ဒီယေဂို ဆီမီယွန်နီရဲ့ သားဖြစ်သူ ဂျီယိုဗန်နီ ဆီမီယွန်နီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ကစားခဲ့ပြီး အနိုင်ဂိုး တစ်ဂိုးသွင်းယူခဲ့ပါတယ်။

အာဂျင်တီးနား လူငယ် ကစားသမားတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ဂျီယိုဗန်နီက ဂွာတီမာလာ အသင်း ဘက်ကို တတိယ အနိုင်ဂိုးသွင်းခဲ့တာပါ။

ဂျီယိုဗန်နီရဲ့ ဖခင်ဖြစ်သူ ဒီယေဂို ဆီမီယွန်နီဟာ အာဂျင်တီးနားရဲ့ နာမည်ကျော် ကွင်းလယ် ကစားသမား ဟောင်းဖြစ်ပြီး လက်ရွေးစင် အသင်းမှာ ပွဲပေါင်း ၁၀၆ ပွဲ ကစား ခဲ့ကာ ၁၁ ဂိုး သွင်းယူ နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဂျီယိုဗန်နီက " ကျွန်တော် ကလေး ဘဝတုန်းက တည်းက ဖခင်ဖြစ်သူက တစ်နေ့က ကျွန်တော် လက်ရွေးစင် အသင်းမှာ ကစားနိုင်ရမယ်လို့ တိုက်တွန်း ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အားပေးမှုတွေက ကျွန်တော့် အတွက် ခွန်အား ဖြစ်ခဲ့တာပါ။ သူ့အပေါ် ယုံကြည်မှုရှိတဲ့ ဖခင်ကိုလည်း အထူး ကျေးဇူး တင်တယ် လို့" ပြောခဲ့ပါတယ်။

ဂျီယိုဗန်နီ ဆီမီယွန်နီဟာ လက်ရှိမှာ ဖီအိုရင်တီးနား အသင်းမှာ ကစားနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ၁၄ ဂိုး သွင်းယူခဲ့နိုင်ခဲ့ပါတယ်။ အဖေနဲ့ သား နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကစားခဲ့ဖူးသူတွေ များစွာ ရှိကြပါတယ်။ ဘီဘီစီ ပရိသတ်တွေ ကရော အဲဒီထဲမှာ ကျော်ကြားတဲ့ ဘောလုံး သမား သားအဖကို ဘယ်လောက်ထိ သိကြလဲ ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အက်သလက်တီကို နည်းပြ ဆီမီယွန်နီနဲ့ သားကြီး ဂျီယိုဗန်နီ

နာမည်ကျော် ဘောလုံးသားအဖများ

ဒီယေဂို ဆီမီယွန်နီ( အဖေ ) - ဂျီယိုဗန် ဆီမီယွန်နီ ( သား)

ဆီဆာ မာလ်ဒီနီ( အဖေ) - ပေါ်လို မာလ်ဒီနီ ( သား)

ပီတာ ရှမိုက်တယ် ( အဖေ) - ကတ်စပါ ရှမိုက်ကယ် ( သား)

ပက်ထရစ် ကလွိုက်ဗတ် ( အဖေ) - ဂျပ်စတန် ကလွိုက်ဗတ် ( သား)