သွင်းဂိုး ၅၀ဝပြည့်တဲ့ အီဘရာဟီမိုဗစ်ချ်

ဓာတ်ပုံ မူပိုင် AFP
Image caption ကစားသမားဘ၀ သွင်းဂိုး ၅၀၀ပြည့်သွားတဲ့ အီဘရာဟီမိုဗစ်ချ်

မေဂျာလိဂ် ကလပ် LA ဂလက်စီ အသင်းမှာ ကစားနေတဲ့ ဆွီဒင် တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ချ်ဟာ တိုရွန်တိုနဲ့ ကစား ခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့လို့ သူ့ရဲ့ ကစားသမား ဘဝ သွင်းဂိုး ၅၀ဝပြည့်သွားခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ရဲ့ ဂလက်စီအ သင်းဟာ တိုရွန်တိုကို ၅-၃ ဂိုးနဲ့ အဝေးကွင်းမှာ ရှုံးခဲ့ပေမယ့် မိုဗစ်ချ်က လှလှပပ တစ်ဂိုး သွင်းယူနိုင်ခဲ့ တာပါ။

ဥရောပ ထိပ်တန်း ကလပ် အသင်းကြီးတွေနဲ့ အတူ အောင်မြင်မှု များစွာရယူခဲ့ ဖူးတဲ့ အီဘရာဟီမိုဗစ်ချ်ဟာ သူ့ရဲ့ ပွဲပေါင်း ၈၆၁ ပွဲမှာ သွင်းဂိုး ၅၀ဝ ပြည့်ခဲ့တာပါ။ ဆွီဒင်ကလပ် မာလ်မို အသင်း ကနေ ကစားသမား ဘဝ စတင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ချ် ဟာ အားယက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာ၊ အေစီ၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ ယူနိုက်တက် တွေ မှာ ကစားခဲ့ပြီး၊ ပြီးခဲ့တဲ့ မေဂျာလိဂ် ရာသီအ စမှာ LA ဂလက်စီ အသင်းကို ပြောင်းရွှေ့ လာခဲ့တာပါ။ မိုဗစ်ဟာ လက်ရှိ မှာ ၁၇ ဂိုး သွင်းထားပြီး မေဂျာလိဂ်ရဲ့ ဂိုးသွင်း ဘုရင် စာရင်းမှာ အဆင့် ၂နေရာမှာ ရှိနေပါတယ်။

အသက် ၃၆နှစ် အရွယ်ရှိတဲ့ အီဘရာဟီမိုဗစ်ဟာ ကလပ်ပွဲပေါင်း ၇၄၇ ပွဲမှာ ၄၃၈ ဂိုးနဲ့ နိုင်ငံ လက်ရွေးစင်ပွဲပေါင်း ၁၁၄ ပွဲမှာ ၆၂ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ လက်ရှိ ကစားနေတဲ့ ဘောလုံးသမားတွေ ထဲမှာတော့ အီဘရာဟီမိုဗစ်ချ် ထက် ပိုသွင်းထားနိုင်တဲ့ ကစားသမား ၂ဂိုးသာ ရှိပါတယ်။ သူတို့ကတော့ နာမည်ကျော်စူပါစတား မက်ဆီနဲ့ ရော်နယ်လ်ဒို တို့ ဖြစ်ကြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တိုရွန်တိုဖက်ကို လှလှပပ ဂိုးသွင်းခဲ့တဲ့ မိုဗစ်ချ်ဟာ မေဂျာလိဂ်မှာ ၁၇ ဂိုး သွင်းထားပါတယ်။

အီဘရာဟီမိုဗစ်ချ်ရဲ့ ကစားသမား ဘဝမှတ်တမ်း

ကလပ်သွင်းဂိုး

မာလ်မို - ၄၇ပွဲ ( ၁၈ဂိုး)

အားယက်စ် - ၁၁၀ပွဲ ( ၄၈ဂိုး)

ဂျူဗင်တပ်စ် - ၉၂ပွဲ ( ၂၆ဂိုး)

အင်တာမီလန် - ၁၁၇ပွဲ ( ၆၆ဂိုး)

ဘာစီလိုနာ - ၄၆ပွဲ ( ၂၂ဂိုး)

အေစီမီလန် - ၈၆ပွဲ ( ၅၆ဂိုး)

ပီအက်စ်ဂျီ - ၁၈၀ပွဲ ( ၁၅၆ဂိုး)

မန်ချက်စတာယူနိုက်တက် - ၅၃ပွဲ ( ၂၉ဂိုး)

ဂလက်စီ ( လက်ရှိ) - ၂၂ပွဲ ( ၁၇ဂိုး)

လက်ရွေးစင်

ဆွီဒင် - ၁၁၆ပွဲ ( ၆၂ဂိုး)

အောင်မြင်မှုများ

အမှတ်ပေးချန်ပီယံ - ၁၁ကြိမ်

ဖလား - ၁၉ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ရှိ ကစားသမားတွေထဲ ဂိုးအများဆုံးသွင်းထားတဲ့ ရော်နယ်လ်ဒိုနဲ့ မက်ဆီ

လက်ရှိ ကစားသမားတွေထဲ ဂိုးအများဆုံး သွင်းထားသူများ

ရော်နယ်လ်ဒို - ၃၃နှစ်

ကလပ် - ၇၆၄ပွဲ ( ၅၇၃ဂိုး)

နိုင်ငံ - ၁၅၄ပွဲ ( ၈၅ဂိုး)

စုစုပေါင်း - ၉၁၈ပွဲ ( ၆၅၈ဂိုး)

မက်ဆီ - ၃၁နှစ်

ကလပ် - ၆၄၂ပွဲ ( ၅၅၆ဂိုး)

နိုင်ငံ - ၁၂၈ပွဲ ( ၆၅ဂိုး)

စုစုပေါင်း - ၇၇၀ပွဲ ( ၆၂၁ဂိုး)

အီဘရာဟီမိုဗစ် - ၃၆နှစ်

ကလပ် - ၇၄၇ပွဲ ( ၄၃၈ဂိုး)

နိုင်ငံ - ၁၁၄ပွဲ ( ၆၂ဂိုး)

စုစုပေါင်း - ၈၆၁ပွဲ ( ၅၀ဝဂိုး)

ဘောလုံးလောကမှာတော့ ဂိုးအများဆုံး သွင်းထားသူတွေများစွာရှိပါတယ်။ လက်ရှိ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က အဲ့ဒီစာရင်းမှာ အဆင့် ၆နဲ့ ၇နေရာမှာသာ ရှိသလို အီဘရာဟီမိုဗစ်ကလည်း အဆင့် ၂၈မှာသာ ရှိပါတယ်။ ဆိုတော့ အများဆုံး သွင်းထားတဲ့သူတွေကို ကြည့်ကြည့်တော့……………………။

ဓာတ်ပုံ မူပိုင် AFP
Image caption သမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းထားတဲ့ ဘီကန် ( သြစတြီးယား/ချက်) - ၅၃၀ပွဲ (၈၀၅ဂိုး ) ဝဲ

သမိုင်းတစ်လျောက် ဂိုအများဆုံး သွင်းထားသူများ

၁) ဘီကန် ( သြစတြီးယား/ချက်) - ၅၃၀ပွဲ (၈၀၅ဂိုး )

၂) ရိုမာရီယို ( ဘရာဇီး) - ၉၉၄ပွဲ ( ၇၇၂ဂိုး)

၃) ပီလီ ( ဘရာဇီး) - ၈၃၁ပွဲ ( ၇၆၇ဂိုး)

၄) ပူးရှ်ကတ်စ် ( ဟန်ဂေရီ) - ၇၅၄ပွဲ ( ၇၄၆ဂိုး)

၅) ဂတ်မူလာ ( ဂျာမနီ ) - ၇၉၃ပွဲ ( ၇၃၅ဂိုး)

၆) ရော်နယ်လ်ဒို ( ပေါ်တူဂီ ) - ၉၁၈ပွဲ ( ၆၅၈ဂိုး)

၇) မက်ဆီ ( အာဂျင်တီးနား ) - ၇၇၀ပွဲ ( ၆၂၁ဂိုး)

၁၃) အူဆီဘီယို ( ပေါ်တူဂီ ) - ၅၅၂ဂိုး

၁၇) ဟူဂို ဆန်းချက် ( မက္ကဆီကို ) - ၅၄၁ဂိုး

၂၀) ဇစ်ကို ( ဘရာဇီး) - ၅၂၂ဂိုး

၂၂) ဒီစတီဖာနို ( အာဂျင်တီးနား/ ကိုလံဘီယာ / စပိန်) - ၅၁၄ဂိုး

၂၈) အီဘရာဟီမိုဗစ် ( ဆွီဒင် ) - ၈၆၁ပွဲ (၅၀ဝဂိုး)

ဆက်စပ် အကြောင်းအရာများ