၂၀၁၈-၁၉ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲစပြီ

ဓာတ်ပုံ မူပိုင် BBC Sport
Image caption နောက်ဆုံး ၃နှစ်ဆက်နဲ့ ၁၃ကြိမ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်

ဥရောပ ဘောလုံးရာသီသစ်က အရှိန်ရနေချိန်မှာပဲ နောက်ထပ် ပွဲကောင်းတွေကို ပရိသတ် တွေ ကြည့်ရတော့မှာပါ။ အဲ့ဒါ ကတော့ ကမ္ဘာ့ဘောလုံး ပရိသတ်တွေ နှစ်တိုင်း စောင့်ကြည့် ကြတဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲပါ။ ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲတွေကို လာမယ့် အင်္ဂါ၊ ဗုဒ္ဓဟူး နေ့တွေမှာ စတင်မှာ ဖြစ်ပါတယ်။ ဆိုတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ မစ တင်မီ ဒီနှစ် ချန်ပီယံလိဂ် ပွဲတွေ အကြောင်းကို လေ့လာကြည့်တော့။

ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ စပိန်၊ အင်္ဂလန်၊ အီတလီနဲ့ ဂျာမနီ နိုင်ငံတွေက ကလပ် ၄ သင်းစီ အုပ်စု အဆင့် ကနေ တိုက်ရိုက် ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ၃ နှစ်ဆက် လက်ရှိ ချန်ပီယံ ရီးယဲလ်မက်ဒရစ် ကတော့ ရော်နယ်လ်ဒို၊ ဇီဒန်း မရှိ တော့ဘဲ ယှဉ်ပြိုင် ရမှာ ဖြစ်သလို အင်္ဂလန် ကလပ် တွေလည်း အုပ်စု ကျပ်အတွင်းမှာ ကစားရမှာပါ။ ချန်ပီယံလိဂ် အုပ်စု အဆင့်ပွဲတွေကို စက်တင်ဘာ ၁၈၊ ၁၉ ရက်နေ့တွေမှာ စတင်မှာ ဖြစ်ပြီး ဖိုင်နယ်ပွဲကို တော့ မက်ဒရစ်မြို့က အက်သလက်တီကိုမက်ဒရစ် အသင်းရဲ့ အိမ်ကွင်းမှာ လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။ ဆိုတော့ ဘယ်အသင်းတွေ အုပ်စုကျပ် အတွင်းကျ ခဲ့ကြလဲ ကြည့်ကြည့်တော့…..

အုပ်စုပွဲစဉ်တွေ မဲနှိုက်အပြီးမှာတော့ အောက်ပါ အတိုင်း ရလဒ်တွေ ထွက်ပေါ် လာခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုများ

အုပ်စု A - အက်သလက်တီကို၊ ဒေါ့မန်၊ မိုနာကို၊ ကလပ် ဘရု

အုပ်စု B - ဘာစီလိုနာ၊ စပါး၊ PSV၊ အင်တာမီလန်

အုပ်စု C - PSG၊ နာပိုလီ၊ လီဗာပူးလ်၊ ရက်စတား ဘဲဂရိတ်

အုပ်စု D - လိုကိုမိုးတစ် မော်စကို၊ ပေါ်တို၊ ရှောလ်ကာ၊ ဂါလာတာစာရေး

အုပ်စု E - ဘိုင်ယန် မြူးနစ်၊ ဘင်ဖီကာ၊ အားယက်စ်၊ AEK အေသင်

အုပ်စု F - မန်စီးတီး၊ ရှက်တာဒိုးနက်၊ လီယွန်၊ ဟော့ဖမ်ဟိန်း

အုပ်စု G - ရီးယဲယ်မက်ဒရစ် ( လက်ရှိ ချန်ပီယံ )၊ ရိုးမား၊ CSKA မော်စကို၊ ပလာဇန်

အုပ်စု H - ဂျူဗင်တပ်စ်၊ မန်ချက်စတာယူနိုက်တက်၊ ဗလင်စီယာ၊ ယန်းဘွိုင်း

အုပ်စု ပွဲစဉ်တွေ အရတော့ ပရီးမီးယားလိဂ် လီဗာပူးလ်၊ စပါးနဲ့ မန်ချက်စတာယူ နိုက်တက်တို့က အုပ်စုကျပ်တွေမှာ ကျရောက် နေခဲ့ပြီး ၊ နာမည်ကျော် စူပါစတား ရော်နယ်လ်ဒို၊ ပေါ့ပ်ဘာတို့က အသင်းဟောင်းတွေနဲ့ ပြန်လည် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့ ရေပန်း အစားဆုံး အသင်းက ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာ စီးတီး ဖြစ်ပြီး ၃ နှစ် ဆက် ချန်ပီယံ ရီးယဲယ်က အဆင့် ၄ နေရာ ကသာ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကျင်းပမယ့် အက်သလက်တီကိုမက်ဒရစ်ရဲ့ ၀န်ဒါ မက်ထရိုပိုလီတာနိုကွင်း။

အအောင်မြင်ဆုံး အသင်းများ

၁) ရီးယဲယ်မက်ဒရစ် - ၁၃ကြိမ်

၂) အေစီမီလန် - ၇ကြိမ်

၃) ဘိုင်ယန်မြူးနစ် - ၅ကြိမ်

၄) လီဗာပူးလ် - ၅ကြိမ်

၅) ဘာစီလိုနာ - ၅ကြိမ်

၆) အားယက်စ် - ၄ကြိမ်

၇) မန်ချက်စတာယူနိုက်တက် - ၃ကြိမ်

၈) အင်တာမီလန် - ၃ကြိမ်

၉) ဂျူဗင်တပ်စ် - ၂ကြိမ်

၁၀) ဘင်ဖီကာ - ၂ကြိမ်

၁၁) နော့တင်ဟမ်ဖောရက်စ် - ၂ကြိမ်

၁၂) ပေါ်တို - ၂ကြိမ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီမီးဖိုင်နယ်အထိသာ အမြင့်ဆုံးရောက်ဖူးပြီး ဒီနှစ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး

နောက်ဆုံးနှစ် ဗိုလ်စွဲထားမှု

ရီးယဲယ် ၄-၁ အက်သလက်တီကို ( ၂၀၁၃-၁၄ )

အချိန်ပိုမှာ နိုင်

ဘာစီလိုနာ ၃-၁ ဂျူဗင်တပ်စ် ( ၂၀၁၄-၁၅)

ရီးယဲယ် ၁-၁ အက်သလက်တီကို ( ၂၀၁၅-၁၆)

ပင်နယ်တီနဲ့နိုင်

ရီးယဲယ် ၄-၁ ဂျူဗင်တပ်စ် ( ၂၀၁၆-၁၇)

ရီးယဲယ် ၃-၁ လီဗာပူးလ် ( ၂၀၁၇-၁၈)

ဆက်စပ် အကြောင်းအရာများ