စင်ကာပူ ဂရင်းပရီမှာ ဟာမီလ်တန် ၃ကြိမ် မြောက် ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ခုနှစ်အတွင်း ၇ပွဲ ဗိုလ်စွဲထားပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဟာမီလ်တန်

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ စင်ကာပူ ဂရင်းပရီ ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲမှာတော့ မာစေးဒီးစ်က လူးဝစ် ဟာမီလ်တန် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ ကားမောင်းချန်ပီယံ ဟာမီလ်တန်ဟာ ဒီပွဲမှာ ထိပ်ဆုံး ကနေ တာထွက် ခဲ့ပြီး ပန်းဝင်တဲ့ အထိ ဦးဆောင် မောင်းနှင် ကာ ဗိုလ်စွဲနိုင်ခဲ့တာပါ။

၂၀၁၈ ဖော်မြူလာဝမ်း ရာသီ အတွင်းမှာ ဖာရာရီက ဗက်တဲလ်နဲ့ အကြိတ် အနယ် ယှဉ်ပြိုင် နေရတဲ့ ဟာမီလ်တန် တွက်တော့ ဒီနှစ် ရာသီမှာ ၇ ပွဲမြောက် အနိုင် ရခဲ့တာ ဖြစ်ပါတယ်။ ဟာမီလ်တန်ဟာ ၆၁ ပတ် မောင်းနှင် ရတဲ့ဒီပွဲမှာ ရက်ဘူးလ်က ဗက်စတာပန်နဲ့ ဗက်တဲလ်ကို အနိုင်ရ ခဲ့တာဖြစ်ပြီး စင်ကာပူ ဂရင်းပရီမှာ ၃ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ တာပါ။

တတိယနေ ရာကသာ ပန်းဝင်ခဲ့တဲ့ ဗက်တဲလ် အတွက်တော့ ကမ္ဘာ့ ကားမောင်းချန်ပီယံဆု အတွက် ဟာမီလ်တန်နဲ့ ရမှတ် ၄၀ အထိ ကွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာမီလ်တန်ဟာ လက်ကျန် ၆ ပွဲအလိုမှာ ရမှတ် ၂၈၁ မှတ် ရထားပြီး ဗက်တဲလ်က ၂၄၁ မှတ်၊ ရိုင်ကွန်နန်က ၁၇၄ မှတ် ရနေပါတယ်။ ဟာမီလ်တန်ရဲ့ မာစေးဒီးစ် အသင်းကလည်း အသင်းချန်ပီယံ ဆုဇယားမှာ ရမှတ် ၄၅၂ မှတ်နဲ့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။ လာမယ့် ဖော်မြူလာဝမ်းပြိုင်ပွဲ ကိုတော့ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စင်ကာပူ ဂရင်းပရီ ဖော်မြူလာ၀မ်းပြိုင်ပွဲမှာ ၃ကြိမ် ချန်ပီယံဖြစ်တဲ့ လူး၀စ် ဟာမီလ်တန်

ကာမောင်းချန်ပီယံဆု

၁) ဟာမီလ်တန် ( မာစေးဒီးစ် ) - ၂၈၁မှတ်

၂) ဗက်တဲလ် ( ဖာရာရီ) - ၂၄၁မှတ်

၃) ရိုင်ကွန်နန် ( ဖာရာရီ) - ၁၇၄မှတ်

၄) ဘော့တပ်စ် ( မာစေးဒီးစ် ) - ၁၇၁မှတ်

၅) ဗက်စတာပန် ( ရက်ဘူးလ် ) - ၁၄၈မှတ်

၆) ရီကာဒို ( ရက်ဘူးလ် ) - ၁၂၆မှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ စင်ကာပူ ဂရင်းပရီ

အသင်းချန်ပီယံဆု

၁) မာစေးဒီးစ် - ၄၅၂မှတ်

၂) ဖာရာရီ - ၄၁၅မှတ်

၃) ရက်ဘူးလ် - ၂၇၄မှတ်

၄) ရေးနော့ဗ် - ၉၁မှတ်

နောက်ဆုံး ၅နှစ်အတွင်း ဗိုလ်စွဲထားမှု

၂၀၁၄ - ဟာမီလ်တန် ( မာစေးဒီးစ်)

၂၀၁၅ - ဗက်တဲလ် ( ဖာရာရီ)

၂၀၁၆ - ရော့စ်ဘတ် ( မာစေးဒီးစ်)

၂၀၁၇ - လူးဝစ်ဟာမီလ်တန် ( မာစေးဒီးစ်)

၂၀၁၈ - လူးဝစ်ဟာမီလ်တန် ( မာစေးဒီးစ်)