သွင်းဂိုးတွေနဲ့ ဝေဖန်မှုတွေကို တိတ်စေခဲ့တဲ့ ရော်နယ်လ်ဒို

ဓာတ်ပုံ မူပိုင် AFP
Image caption ရော်နယ်လ်ဒိုဟာ အမှတ်ပေးလိဂ် သွင်းဂိုး ၄၀ဝပြည့်တဲ့ ၅ယောက်မြောက် ကစားသမား ဖြစ်လာ

စီးရီးအေ ရာသီ အဖွင့်ပွဲတွေမှာ ဂိုးပေါက် ပျောက်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို အတွက်တော့ ခြေစွမ်းပြ ဂိုးသွင်း နိုင်ခဲ့တဲ့ပွဲပါ။ ချန်ပီယံ ဂျူဗင်တပ်စ်က အိမ်ကွင်းမှာ ဆာဆူလိုကို ၂-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုး ၂ဂိုးစလုံးကို ရော်နယ်လ်ဒိုက သွင်းယူ ပေးခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ၅၀ နဲ့ ၆၅ မိနစ်မှာ နှစ်ဂိုး ဆက်သွင်းခဲ့တာ ဖြစ်ပြီး သူ့အပေါ် ဝေဖန်မှုတွေကို ချေဖျက် နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ရီးယဲလ် ကနေ ဂျူဗင်တပ်စ်ကို ပေါင် သန်း ၁၀ဝနဲ့ ပြောင်းရွှေ့လာတဲ့ ရော်နယ်လ်ဒို အတွက်တော့ လိဂ်ပြိုင် ပွဲတွေမှာ သွင်းဂိုး ၄၀ဝပြည့် သွင်းနိုင်ခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ သူ့ ကစားသမား ဘဝ စတင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်း အသင်းမှာ ၃ ဂိုး၊ မန်ချက်စတာယူနိုက်တက်မှာ ၈၄ ဂိုး၊ အောင်မြင်မှုတွေ များစွာ ရခဲ့တဲ့ ရီးယဲလ်မက်ဒရစ်မှာ ၃၁၁ ဂိုးနဲ့ အခု ဂျူဗင်တပ်စ်မှာ ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ သမိုင်း တစ်လျောက် ဥရောပ ဘောလုံးလိဂ် ပြိုင်ပွဲတွေမှာ အမှတ်ပေးလိဂ် သွင်းဂိုး ၄၀ဝ ပြည့်တဲ့ ၅ယောက် မြောက် ကစားသမား ဖြစ်လာပါတယ်။ အများဆုံး သွင်းထားသူကတော့ သြစတြီးယား တိုက်စစ်မှူး ဘီကန် ဖြစ်ပြီး ၅၁၈ဂိုး သွင်းထားတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ အဲ့ဒီပွဲမှာ ၂-၁ဂိုး နဲ့ နိုင်ခဲ့ပေမယ့် တောင်ပံ ကစားသမား ကော်စတာ အထုတ်ခံ ခဲ့ရပါတယ်။ ရော်နယ်လ်ဒို ရဲ့ ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ ၄ ပွဲ ကစားပြီး ၄ ပွဲ စလုံးနိုင်ပြီး ရမှတ် ၁၂ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင် နေပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၄ပွဲအပြီး စီးရီးအေမှာ ဂိုးစသွင်းတဲ့ ရော်နယ်လ်ဒို

ဥရောပလိဂ်တွေမှာ လိဂ်သွင်းဂိုးအများဆုံး သွင်းထားသူများ

၁) ဘီကန် ( သြစတြီးယား) - ၅၁၈ဂိုး

၂) ပူးရှ်ကတ်စ် ( ဟန်ဂေရီ) - ၅၁၄ဂိုး

၃) မက်ဂရီဂေါ် ( စကော့တလန်) - ၄၁၀ဂိုး

၄) ဆီလာ ( ဂျာမနီ ) - ၄၀၆ဂိုး

၅) ရော်နယ်လ်ဒို ( ပေါ်တူဂီ) - ၄၀ဝဂိုး

ဆက်စပ် အကြောင်းအရာများ