လီဗာပူး-ချယ်လ်ဆီးတို့ တွေမယ့် လိဂ်ဖလား တတိယအဆင့်

alt

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တစ်ပတ်အတွင်း ၂ပွဲဆက်တွေ့မယ့် လီဗာပူးနဲ့ ချယ်လ်ဆီး

လိဂ်ဖလားပြိုင်ပွဲရဲ့ တတိယအဆင့် ပွဲစဉ်တွေကို လာမယ့် ကြားရက်ဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ကစားဖို့ ရှိပါတယ်။ ဒီအဆင့်မှာတော့ ပရီးမီးယားလိဂ်က အသင်းကြီးတွေ အများစုပါဝင်လာပြီး ထိပ်သီး နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ မနှစ်က ချန်ပီယံ ပတ်ဂွါဒီယိုလာရဲ့ မန်စီးတီးကတော့ ပထမတန်းက အော့ဖိုဒ်ယူနိုက်တက်နဲ့ အဝေးကွင်း သွားကစားရမှာပါ။ ဖိုင်နယ်မှာ မန်စီးတီးကို ရှုံးခဲ့တဲ့ အာဆင်နယ်ကတော့ လန်ဒန်ကလပ် ဘရန့်ဖိုဒ်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာဖြစ်ပြီး ဂျိုဇေ မော်ရင်ညိုရဲ့ မန်ချက်စတာယူနိုက်တက်က လမ်းပတ်ရဲ့ ဒါဘီနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ် ကလပ်တွေ အချင်းချင်းအဖြစ် ဝုဖ်လ်နဲ့ လက်စတာ၊ စပါးနဲ့ ဝက်ဖို့ဒ်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်တို့လည်း ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။

လိဂ်ဖလား တတိယအဆင့် ပွဲစဉ်များ

ဝက်စ်ဘရွန်း - ပဲလေ့စ်

ဘာတန် - ဘန်လေ

ဝိုင်ကွမ် - နော့ဝစ်ချ်

အော့စ်ဖို့ဒ် - မန်စီးတီး

မီဝေါ်လ် - ဖူလ်ဟမ်

ဘွန်းမောက် - ဘလက်ဘန်း

ပရက်စ်တန် - မစ်ဒယ်ဘရော့

ဝုလ်ဖ် - လက်စတာ

ဘလက်ပူးလ် - QPR

မန်ချက်စတာယူနိုက်တက် - ဒါဘီ

နော့တင်ဂမ်ဖောရက်စ် - စတုတ်

အာဆင်နယ် - ဘရန့်ဖို့ဒ်

လီဗာပူး - ချယ်လ်ဆီး

စပါး - ဝက်ဖို့ဒ်

ဝက်စ်ဟမ်း - မက်လက်ဖီးလ်

အဲဗာတန် - ဆောက်သမ်တန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

လက်ရှိ ချန်ပီယံ မန်စီးတီး

လက်ရှိချန်ပီယံ အသင်းက မန်ချက်စတာစီးတီးအသင်းဖြစ်ပြီး မနှစ်က ဖိုင်နယ်ပွဲမှာ အာဆင်နယ်ကို ၃ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။ ဒါဟာ မန်စီးတီးအတွက် လိဂ်ဖလား သမိုင်းမှာ ၅ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပြီး အအောင်မြင်ဆုံးကလပ် လီဗာပူးရဲ့ စံချိန်ကိုမီဖို့ ၃ကြိမ်လိုအပ်နေပါသေးတယ်။

လိဂ်ဖလား အအောင်မြင်ဆုံးအသင်းများ

၁) လီဗာပူး - ၈ကြိမ်

၂) မန်ချက်စတာယူနိုက်တက် - ၅ကြိမ်

၃) အက်စတန်ဗီလာ - ၅ကြိမ်

၄) ချယ်လ်ဆီး - ၅ကြိမ်

၅) မန်စီးတီး - ၅ကြိမ်

၆) စပါး - ၄ကြိမ်

၇) နော့တင်ဂမ်ဖောရက်စ် - ၄ကြိမ်