ချယ်လ်ဆီးကွင်းမှာ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့် လမ်းပတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ချယ်လ်ဆီး သမိုင်းတစ်လျောက် ဂိုးအများသွင်းထားတဲ့ ဒါဘီ မန်နေဂျာ လမ်းပတ်

လိဂ်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့် ပွဲစဉ်တွေကို လာမယ့် ကြားရက်တွေမှာ ကစားဖို့ ရှိပါတယ်။ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးက အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ကပဲ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး လန်ဒန်ဒါဘီအဖြစ် ဝက်စ်ဟမ်းနဲ့ စပါးတို့ ကစားကြမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ဂျိုဇေ မော်ရင်ညိုရဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူလာခဲ့တဲ့ လမ်းပတ်ရဲ့ ဒါဘီက အသင်းဟောင်း ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီပွဲကို ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကွင်းမှာ သွားကစားရမှာဖြစ်လို့ ဂန္ထဝင် ကစားသမာဟောင်း ဖရန့် လမ်းပတ်ရဲ့ ဒါဘီ အခက်တွေ့မှာ သေချာပါတယ်။

မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ဘလက်ပူးလ်ကို လက်ခံ ကစားရမှာဖြစ်ပြီး လက်စတာစီးတီးက ဆောက်သမ်တန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ စတုတ္ထအဆင့်ကို တက်လာခဲ့တဲ့ အသင်းတွေထဲ လိဂ် အဆင့်အနိမ့်ဆုံး ဖြစ်တဲ့ လိဂ် ၁ က ဘာတန်က ချန်ပီယံရှစ်က နော့တင်ဂမ် ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို ပုံစံကောင်းရနေတဲ့ ဘွန်းမောက်က ချန်ပီယံရှစ်က နော့ဝစ်ချ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

လိဂ်ဖလား ပွဲတွေကို အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ၃ရက်ကစားမှာဖြစ်ပြီး တစ်ကျော့တည်း အရှုံးအနိုင်ပေါ်အောင် ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ အတွင်း သရေကျခဲ့ပါက အချိန်ပို မိနစ် ၃၀ မကစားတော့ဘဲ ပင်နယ်တီ အဆုံး အဖြတ် ခံယူရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး

လိဂ်ဖလား စတုတ္ထအဆင့် ပွဲစဉ်များ

ဘွန်းမောက် - နော့ဝစ်ချ်

ဘာတန် - နော့တင်ဟမ်ဖောရက်စ်

လက်စတာ - ဆောက်သမ်တန်

အာဆင်နယ် - ဘလက်ပူးလ်

ချယ်လ်ဆီး - ဒါဘီ

ဝက်စ်ဟမ်း - စပါး

မစ်ဒယ်ဘရော့ - ပဲလေ့စ်

မန်စီးတီး - ဖူလ်ဟမ်

ဆက်စပ် အကြောင်းအရာများ