ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ်တွေ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘောလုံးပွဲကြည့်ခဲ့

atl

ဓာတ်ပုံ ရင်းမြစ်, MUFC

ဓာတ်ပုံ ပုံစာ,

အိုးထရက်ဖို့ဒ်ကွင်းကို လာရောက် လည်ပတ်ခဲ့ကြတဲ့ ထိုင်းလူငယ်အသင်း

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဂူထဲမှာ ၂ပတ်ကြာ ပိတ်မိနေခဲ့တဲ့ ထိုင်းလူငယ် ဘောလုံး အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်တို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကို လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖိတ်ကြားမှုကြောင့် ထိုင်းလူငယ် ၁၂ယောက်ဟာ ပွဲမတိုင်မီ အသင်း မန်နေဂျာဖြစ်သူ ဂျိုဇေ မော်ရင်ညိုနဲ့ တွေ့ဆုံခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ပ်ဘာ၊ မာရှယ်လ်၊ အက်ရှ်လေယန်းတို့နဲ့ အဝတ်လဲခန်းထဲမှာ ဆုံတွေ့ခဲ့ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MUFC

ဓာတ်ပုံ ပုံစာ,

မန်ယူနဲ့ အဲဗာတန်ပွဲ လာကြည့်တဲ့ ထိုင်းလူငယ်အသင်း

ထိုင်းလူငယ်တွေဟာ ရေကြီးမှုကြောင့် ဂူထဲမှာ ၂ပတ်အထိ ပိတ်မိနေခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးက ပညာရှင်တွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ပြန်လည် လွတ်မြောက်လာခဲ့တာပါ။ ထိုင်းလူငယ်အသင်းကို ဖီဖာကလည်း ပြင်သစ်နဲ့ ခရိုးအေးရှားတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှု့ဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MUFC

ဓာတ်ပုံ ပုံစာ,

ဂူထဲမှာ ၂ပတ်ကြာပိတ်မိခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ထိုင်းလူငယ်အသင်း

ထိုင်းလူငယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်း ဖိတ်ခေါ်မှုကြောင့် မနေ့က အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ရောက်ရှိလာခဲ့ကြပြီး ဂျိုဇေ မော်ရင်ညိုနဲ့ မန်ယူ အသင်းသားတွေကို လှိုက်လှိုက်လဲလဲ ခရီးဦး ကြိုခဲ့ကြပါတယ်။ ထိုင်းလူငယ် အသင်းဟာ မန်ယူနဲ့ အဲဗာတန်တို့ ကစားခဲ့တဲ့ပွဲမှာ အိုးထရက်ဖို့ဒ်က VIP Box ကနေ ကြည့်ရှု့ခွင့်ရခဲ့ကြပါတယ်။