ချန်ပီယံလိဂ်မှာ ဆုကြေးငွေ ဘယ်လောက်အထိ ရကြလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆုကြေးငွေ ယူရို ၁.၃ဘီလျံ ကျော် ချီးမြှင့်တဲ့ ချန်ပီယံလိဂ်

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချီးမြှင့်ခဲ့တဲ့ ဆုကြေးငွေတွေကို ထုတ်ပြန် ကြေငြာခဲ့ရာ ပရီးမီးယားလိဂ် ကလပ်တွေက စုစုပေါင်း ဆုကြေးငွေ အများဆုံး ရခဲ့ကြပါတယ်။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲယ်မက်ဒရစ်က ဆုကြေးငွေ ယူရို ၉၁သန်းအထိ ရရှိခဲ့ပြီး ဖိုင်နယ်မှာ ရှုံးခဲ့တဲ့ လီဗာပူးလ်က ယူရို ၈၁သန်းကျော် ရခဲ့ပါတယ်။ UEFA ဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဆုကြေးငွေ စုစုပေါင်း ယူရို ၁.၃ဘီလျံအထိ ပေးခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်တွေက အများဆုံး ရခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်က လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ စုစုပေါင်း ယူရို ၃၁၁သန်း အထိရခဲ့ကြပါတယ်။ လီဗာပူးလ်က ၈၁သန်းကျော်နဲ့ အများဆုံးရခဲ့ပြီး ရှုံးထွက် အဆင့်ထိပဲ တက်ခဲ့တဲ့ ချယ်လ်ဆီးက ကွာတား တက်ခဲ့တဲ့ မန်စီးတီးထက် ပိုများပြီး ယူရို ၆၅သန်းကျော် ရခဲ့ပါတယ်။ လီဗာပူးလ်ကို ရှုံးခဲ့တဲ့ မန်စီးတီးက ယူရို ၆၃.၈သန်းနဲ့ စပါးက ယူရို ၆၁သန်းကျော်ရခဲ့ကြပါတယ်။ ဆဗီယာကို ရှုံးထွက်မှာ ရှုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ကလပ်တွေထဲ အနည်းဆုံး အဖြစ် ယူရို သန်း ၄၀သာ ရခဲ့ပါတယ်။

လာလီဂါက ကလပ်တွေက ဆုကြေးငွေ ယူရို ၂၂၆သန်း ရခဲ့ပြီး စီးရီးအေ ကလပ်တွေက ယူရို ၂၀၃သန်း ရခဲ့ကြပါတယ်။

UEFA ဟာ ဥရောပ စူပါဖလားပွဲမှာ ချန်ပီယံ ဖြစ်တဲ့ အသင်းကို ယူရို ၄သန်း ချီးမြှင့်ခဲ့ပြီး ဒုတိယရတဲ့ အသင်းက ယူရို ၃သန်း ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၃နှစ်ဆက် ချန်ပီယံ ရီးယဲယ်မက်ဒရစ်ဟာ ဆုကြေးငွေ ယူရို ၉၁သန်း အထိရခဲ့

ချန်ပီယံလိဂ် ဆုကြေးငွေများ

အုပ်စု အဆင့် ဆုကြေးငွေ ( ယူရို)

အုပ်စု နိုင်ပွဲ - ၁.၅သန်း

သရေပွဲ - ၆သိန်း

အုပ်စု အဆင့်ကို တက်ရောက်ခွင့်ရတဲ့ ပြိုင်ပွဲဝင် ၃၂သင်းစလုံး ၁၂.၇သန်းစီ ရရှိကြပါတယ်။

ရှုံးထွက်အဆင့် - ၆သန်း

ကွာတားဖိုင်နယ် - ၆.၅သန်း

ဆီးမီးဖိုင်နယ် - ၇.၅သန်း

ဒုတိယ - ၁၁သန်း

ချန်ပီယံ - ၁၅.၅သန်း

ဥရောပ စူပါဖလား

စူပါကပ် ချန်ပီယံ - ၄သန်း

ဒုတိယ - ၃သန်း

ဓာတ်ပုံ မူပိုင် AFP
Image caption ပရီးမီးယားလိဂ် ကလပ်တွေထဲ အများဆုံး ရခဲ့တဲ့ လီဗာပူးလ်

ပရီးမီးယာလိဂ် ကလပ်တွေရဲ့ ဆုကြေးငွေ ရရှိမှု (ယူရို)

၁) လီဗာပူးလ် ( ဖိုင်နယ်) - ၈၁.၃သန်း

၂) ချယ်လ်ဆီး ( ရှုံးထွက် ) - ၆၅.၂သန်း

၃) မန်စီးတီး ( ကွာတား) - ၆၃.၈သန်း

၄) စပါး ( ရှုံးထွက် ) - ၆၁.၃သန်း

၅) မန်ယူ - ၄၀.၃သန်း

ဆက်စပ် အကြောင်းအရာများ